နေထီးဆောင်းခြင်း
------------
ထူးခြားတာကတော့ Halo တွေကို နေ(သို့မဟုတ်) လတွေကို ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ် တွေ့ကြရသလို လူ၊ သစ်ပင်၊ အဆောက်အအုံ၊ ဘုရားကျောင်းစတာတွေကိုလည်း ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ လူတွေရဲ့ ဘာသာရေးယုံကြည်မှုများ လွန်ကဲမှုများ ကြောင့် သဘာဝလွန်ဖြစ်စဉ်များ (Super Natural Phen-omena) အဖြစ် ပြောဆိုလာတတ်ကြပါတယ်။
ပြည်မြို့မှာ ဒီကနေ့ တွေ့ခဲ့ ကြရတဲ့ နေထီးဆောင်းဖြစ်စဉ်က တော့မုတ်သုံကာလကြီးမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လေအေးတွေ ရေခဲအမှုန်တွေ တိုးဝင်လာရောက်ဖြစ်ပေါ်နေတာကို သိလာရတော့ မြောက်ဘက်က လေလေးတွေ အားကောင်းနေတာကို ပြသနေပြီး တောင်ဘက်က မုတ်သုံလေကတော့ မတိုးနိုင်ဘဲ အား လျော့နေတာကိုလည်း ပြသနေပါတယ်။
သတင်းအပြည့်အစုံ...http://ift.tt/1lZQ5Cs
နေထီးဆောင်းခြင်း
www.7daydaily.com
ဒီကနေ့ ပြည်မြို့ဘက်မှာ နေထီး ဆောင်းတာကို တွေ့ကြရတော့ လူတွေအမျိုးမျိုးပြောနေကြတယ် လို့ သတင်းမီဒီယာဌာနကြီးတစ် ခုက အသိတစ်ယောက်က ဖုန်း ဆက်ပြောလာပါတယ်။ နောက်ပြီးတော့လည်း မေး လာသေးတယ်။ အဲဒါကို လူတွေ က နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး နဲ့ပတ်သက်ပြီး နိမိတ်ကောက် အမျိုးမျိုး ပြောနေကြတာ ဆရာ ဘယ်လိုသဘောရပါသလဲတဲ့။
from 7Day News Journal's Facebook Wall http://ift.tt/1oFq2a5
Comments
Post a Comment