Skip to main content

ဓာတ်ငွေ့ အရောင်းဆိုင်ရှိ ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ ယာဉ်သုံးစီး ပျက်စီး၊ တစ်ဦ...



ဓာတ်ငွေ့ အရောင်းဆိုင်ရှိ ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ ယာဉ်သုံးစီး ပျက်စီး၊ တစ်ဦး ဒဏ်ရာရ



ရန်ကုန်၊ မေ ၂၈



မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၊ ရန်ကုန်-ပြည် လမ်းဘေးရှိ လှော်ကား သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် မေလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ထရန်စဖော်မာအိုး ပေါက်ကွဲမှုကြောင့် ခရီးသည်တင် ယာဉ်တစ်စီးနှင့် ကိုယ်ပိုင်ယာဉ် နှစ်စီး၏ လေကာမှန်နှင့် ဘေးမှန်များ ကွဲထွက်ပျက်စီးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။



အဆိုပါ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ဝင်ပေါက်တွင် တပ်ဆင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဌာနပိုင် ထရန်စဖော်မာ CT ကွိုင်အိုး ရှော့ခ်ဖြစ်ရာမှ မီးပွားစင်ကာ အနီးရှိ မြက်ခြောက်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ထရန်စဖော်မာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး၊ ယင်းပေါက်ကွဲမှုကြောင့် ထရန်စဖော်အိုးရှိ ကြွေသီးများ လွင့်စင်ရာမှ မော်တော်ယာဉ်နှင့် ခရီးသည် အမျိုးသမီးကို ထိမှန်ခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။



“ထရန်စဖော်မာအိုး မီးလောင်နေတယ်လို့ အော်နေချိန်မှာပဲ ကြွေသီးတွေက ကားတွေဘက် လွင့်ထွက်လာလို့ ကားကြားထဲ ပုန်းနေရတယ်။ ပေါက်ကွဲခဲ့တဲ့ ထရန်စဖော်မာနဲ့ ဓာတ်ငွေ့ ထည့်တဲ့နေရာက ဝေးလို့ ကံကောင်းခဲ့တာ။ ဆိုင်ဝန်ထမ်းတွေနဲ့ ကားသမားတွေက သဲတွေနဲ့ပက်ပြီး ဝိုင်းငြှိမ်းလို့ ငါးမိနစ်အတွင်း မီးငြိမ်းသွားတယ်” ဟု ယင်းပေါက်ကွဲမှု ဖြစ်ပွားစဉ် ဓာတ်ငွေ့ လာရောက်ဖြည့်သော မှော်ဘီမြို့နယ်တွင် နေထိုင်သူ ခရီးသည်တင် ယာဉ်မောင်း ဦးသိန်းစိုးက ရှင်းပြသည်။



ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ လွင့်စင်ထွက်သော ကြွေသီးများမှာ ရန်ကုန်-ပြည်လမ်းပေါ် မောင်းနှင်လာသော စူပါကာစတန်ယာဉ်နှင့် ဆိုင်အတွင်း ရပ်ထားသည့် စူပါရုဖ်ယာဉ် နောက်မှန်များကို ထိမှန်ခဲ့ပြီး ဓာတ်ငွေ့ဖြည့်ရန် စောင့်ဆိုင်းနေသည့် ရန်ကုန်-မှော်ဘီ ယာဉ်လိုင်းအမှတ် ၅၃ ခရီးသည်တင် ယာဉ်အတွင်းရှိ ခရီးသည်အမျိုးသမီးကို ထိမှန်ခဲ့သောကြောင့် ညာဘက် လက်ဖျံနှင့် ကျောကုန်းတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။



“မီးအား အဝင်အထွက် မမျှလို့ ကွိုင်တွေက စရှော့ခ်ဖြစ်တာလား၊ ဒါမှမဟုတ် ဝါယာကြိုးတွေ ပေါက်ပြဲရာက မီးစထွက်ရာက ပေါက်ကွဲမှု ဖြစ်တာလား ဆိုတာကို လတ်တလော စစ်ဆေးနေပါတယ်။ ဓာတ်ငွေ့ဆိုင်ကိုတော့ လက်ရှိ မီးစက်မောင်းပြီး ယာဉ်တွေကို ဓာတ်ငွေ့ ပြန်လည် ရောင်းပေးနေတယ်” ဟု မင်္ဂလာဒုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။



မိုးကာလ ရောက်ရှိချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများနှင့် လျှပ်စစ်ဓာတ်အား အတက်အကျ အဖြစ်များခြင်းတို့ကြောင့် လျှပ်စစ်ပစ္စည်းများ ပေါက်ကွဲမှုနှင့် ဝါယာရှော့ခ် ဖြစ်ပွားမှုများ နှစ်စဉ်ဖြစ်ပွားလျက် ရှိသောကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် လျှပ်စစ်ပစ္စည်းများကို သတိထား အသုံးပြုသင့်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1nw0DzZ

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3