Skip to main content

" မြန်မာတစ်နိုင်ငံလုံးတွင် အသက်အာမခံထားသူ တစ်ရာခိုင်နှုန်းကျော်သာရှိ" ပြည်တွင်း...



" မြန်မာတစ်နိုင်ငံလုံးတွင် အသက်အာမခံထားသူ

တစ်ရာခိုင်နှုန်းကျော်သာရှိ"



ပြည်တွင်း၌ အသက်အာမခံထားရှိမှုနှုန်းမှာ မြန်မာ့လူဦးရေ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ အဆိုပါ အနေအထား မှာ မြန် မာနိုင်ငံအနေ နှင့်ဆိုပါက အာမခံထားရှိမှုနှုန်းထား နည်း ပါးနေ သေး သည်ဟု ဆိုနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းသိန်းက

ပေါ်ပြူ လာနယူးစ်သို့ ဖြေကြားသည်။



မြန်မာ့အာမခံလုပ်ငန်း၏ အသက်အာမခံ အမျိုးအစား များဖြစ်သည့် ပြည် သူပြည်သား အသက်အာမခံ ပြည်သူ့ ဝန်ထမ်းအသက်အာမခံ၊ တပ်မတော် ဝန်ထမ်းအသက်အာမခံ၊ သင်္ဘော သား အသက်အာ မခံ၊ မြွေအန္တရာယ် အသက် အာမခံ၊ စုပေါင်း အသက်အာမခံ၊ အားကစား သမား ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံနှင့် တရားဝင် ပြည်ပအလုပ်သမား အသက်အာမခံများတွင် လက်ရှိ အာမခံထားရှိသူ ဦးရေ ၈ သိန်းခန့်ရှိ ကြောင်း သိရသည်။



မြန်မာ့အာမခံလုပ်ငန်းအနေနှင့် ၂ဝ၁၃ ခုနှစ်တွင် ပုဂ္ဂလိက အာမခံကုမ္ပဏီများ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး အသက်အာမခံများအပါအဝင် မီးအာမခံ၊ အလုံးစုံမော်တော် ယာဉ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံစနစ်များ လုပ်ကိုင်ခွင့်ပြုခဲ့သည်။



သို့သော်လည်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၌ပင် အသက်အာမခံထားရှိလာမှု အခြေ အနေအလွန်နည်းပါးနေဆဲဖြစ်သည်ဟု ရန်ကုန် မြို့ရှိ ပုဂ္ဂလိက အာမခံကုမ္ပဏီများထံမှ သိရသည်။ အထူးသဖြင့် ပြည်သူပြည်သား အသက် အာမခံမှာ နယ်မြို့များ၌သာမက မြို့ကြီးများ၌ပင် ပျံ့နှံ့သိရှိမှုနှင့် စိတ်ဝင်စား မှုနည်းပါးဆဲ ဖြစ်သည်ဟု IKBZ ၏ ဒါရိုက်တာဦးညိုမြင့်ကပြောသည်။



''လူသေမှရတယ်ဆိုတဲ့ ပုံစံမျိုးကြောင့်ရော အကျိုးခံစားခွင့်ကို အသိ နည်းနေတာကြောင့် ရောပါ'' ဟု ၎င်းက ဆိုသည်။ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများတွင် ပြည်သူ ပြည်သား အသက်အာမခံကို အသက် ၁ဝ နှစ်မှ ၅၅ နှစ်အတွင်း ထားရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း ယင်းအသက် အာမခံ၏ အမြင့်ဆုံးထား နိုင်သည့် နှုန်းထားမှာ ကျပ်သိန်းသုံးရာဖြစ်ခြင်း ကြောင့် အာမခံ ထားနိုင်သည့် ကာလ ၄၅ နှစ် အတွင်း ငွေကြေးတန်ဖိုး အပြောင်း အလဲ ဖြစ် လာနိုင်ခြင်းက အသက်အာမခံထားရှိလိုမှုအပေါ် စိတ်ဝင်စားမှု၊ နည်းစေခြင်း ဖြစ်နိုင်ကြောင်း IKBZ ၏ အထွေထွေမန်နေဂျာ ဦးအောင်စိုးဦး

က သုံးသပ်သည်။



မြန်မာ့အာမခံလုပ်ငန်းမှ ၂ဝ၁၃-၁၄ ခုနှစ် တွင် ပေးလျော်ခဲ့ရသည့် လျော်ကြေးငွေ မှာ ကျပ်သန်းပေါင်း ၂၉၂၂ ဒသမ ၉၇၆ ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီလအတွင်း အသက်အာမခံ သီးသန့်လျော်ကြေးငွေ ၄၄ ဒသမ ၅၄၆ သန်းပေးလျော် ခဲ့ရပြီးဖြစ်ကြောင်း သိရသည်။



သုတလင်း

from Popular Myanmar News Journal's Facebook Wall http://ift.tt/1gCtpM1

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3