Skip to main content

ရေလျှံမှုကာကွယ်ရန် ရန်ကုန်ရှိ ရေမြောင်းများ စည်ပင် တိုးချဲ့မည် နန်းမြင့်| ကြာသပေ...



ရေလျှံမှုကာကွယ်ရန် ရန်ကုန်ရှိ ရေမြောင်းများ စည်ပင် တိုးချဲ့မည်



နန်းမြင့်| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ်



ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် ရန်ကုန်မြို့တွင်း နာမည်တပ်လမ်းများ၏ ရေမြောင်းများအကျယ်ကို တိုးချဲ့သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလမ်းတံတားဌာန လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။



၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဗိုလ်အောင်ကျော်၊ ပန်းဆိုးတန်း၊ သိမ်ဖြူ၊ ဆူးလေ၊ ရွှေဘုံသာနှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် ပြုပြင်သွားမည်ဖြစ်သည်။



“မြို့ထဲကရေမြောင်းတွေ အရမ်းကျဉ်းတယ်။ ထပ်ပြီး အကျယ်ချဲ့သွားမယ်။ လာသာမြို့နယ်အပိုင်းမှာ ရေလျှံတယ်။ ကျွန်တော်တို့ကအဲဒီအပိုင်းကို အဓိကထားပြီးကာကွယ်တယ်။ အားလုံးတော့ မဖြေ ရှင်းနိုင်သေးဘူး” ဟု ၎င်းကပြောသည်။



လက်ရှိတွင် အဆိုပါလမ်းများသည် ရေမြောင်းအကျယ်မှာ ကိုးလက်မခန့်သာ ရှိနေပြီးတစ်ပေခွဲကျော်ရှိအောင် ချဲ့သွားမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ရေထွက်ပေါက်များ ရေစီးရေလာမကောင်းခြင်း၊ ရေမြောင်း များမှတစ်ဆင့် မြစ်ထဲဆင်းသွားသည့်အခါ မြစ်များမှ ရေထုတ်နုတ်အားနည်းခြင်းတို့ ဖြစ်လျှင် ရေကြီးရေလျှံ ခြင်းများ ဖြစ်နိုင်ပြီး ရေစီးရေလာကောင်းစေရန် အသုံးပြုသည့် ရေမြောင်းပမာဏလုံလောက်ရန် လိုအပ်သည်ဟုလည်း ရေအရင်းအမြစ်ဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။



“ရေစီးရေလာကောင်းဖို့အတွက် အသုံးပြုနိုင်တဲ့ ရေမြောင်းပမာဏ လုံလောက်ဖို့လိုတယ်။ လုံလောက်မှ ရေထုတ် နုတ်အားကောင်းပြီး ရေကြီးရေလျှံမှုမဖြစ်မှာ။ သက်ဆိုင်ရာရေမြောင်းနည်းပြီး ကျဆင်းနိုင်တဲ့ရေပမာဏက များတယ်ဆိုရင် ရေလျှံမှာပဲ ရေမြောင်းအနက်ကို တူးမလား၊ ရေမြောင်းပမာဏ တိုးချဲ့မလားပေါ့ ” ဟု ၎င်းကပြောသည်။



ရေစီးရေလာကောင်းအောင်ပြန်လည် ဆောင်ရွက်မည်ဆိုလျှင် ရေကြီးရေလျှံမှုကို နည်းလမ်းတစ်ခုအဖြစ် ဖြေရှင်းနိုင်ပြီး ပင်လယ်ရေ မြင့်တက်ခြင်းအတွက်ကိုမူ ကုန်းမြေပြင် ပြန်လည်မြှင့်မှသာ ရနိုင်မည် ဖြစ် သည်ဟုလည်း ၎င်းကသုံးသပ်သည်။



ရန်ကုန်မြိုတော်စည်ပင်သာယာရေး ကော်မတီကအကြံပေးပညာရှင် ဒေါက်တာကျော်လတ်ကလည်း “ရန်ကုန်တစ်မြို့လုံးမှာ ရေမြောင်းနဲ့မိလ္လာစီမံကိန်းလုပ်ဖို့ လိုအပ်နေတယ်။အဲဒါလုပ်ဖို့ မြန်မာပြည်မှာ ပညာရှင် မရှိဘူး။ ပညာရှင် ၁၀ယောက်က နှစ်နှစ်လောက်အချိန်ယူပြီး လုပ်ရလိမ့်မယ်။ ဒါက စီမံကိန်းပဲရှိသေးတယ်။ အကောင်အထည်ဖော်ဖို့က ပိုက်ဆံလိုအပ်တယ်။ အဲဒါတွေပေါင်းလိုက်ရင် အချိန်နဲ့ ပိုက်ဆံ အများကြီးလိုမယ်။ လုပ်ဖို့ကိုင်ဖို့ ပိုက်ဆံလို့ အစီအစဉ်လို့ ဘာမှမရှိသေးဘူး” ဟု ပြောသည်။



ယခင်က ရန်ကုန်မြို့တွင်းရှိ ၂၂ လမ်း နှင့် ၂၃ လမ်းတွင်သာ ရေတံခါးများရှိပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်၍ ၁၉လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေဘုံသာလမ်း၊ ဆူးလေဘုရားလမ်း၊ လမ်းမတော်၊ ၀ါးတန်းလမ်း၊ လမ်းသစ်လမ်း၊ သစ်တောလမ်းနှင့် ကျုံကြီးမြောင်းတွင် ရေတံခါးများ တပ်ဆင်ထားသည်ဟုလည်း ဦးတင်ထွန်းဦးက ဆိုသည်။



“မြစ်ထွက်ပေါက်တွေမှာ ရေတံခါးတွေ လုပ်ထားတယ်။ ဒီရေတက်ချိန်နဲ့ မိုးအရမ်းများတဲ့အချိန်မှာ ဒီရေက မြို့ထဲကို ၀င်လာတယ်။ မြစ်ထွက်ပေါက်မှာ ရှိတဲ့ရေတံခါးကနေ ပိတ်တဲ့အခါ ဒီရေက အကျိုးသက်ရောက်မှု မရှိတော့ဘူး။ ဒီရေကျချိန် ရေတံခါးပြန်ဖွင့်လိုက်ရင် ရေပြန်ကျသွားမယ်။ ရေကျဖို့ခဏတော့ စောင့်ရမယ်”ဟု ၎င်းက ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1nvVwQm

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...