Skip to main content

ကမ္ဘာ့မြို့ကြီး ခြောက်မြို့မှာ စတင်မိတ်ဆက်လိုက်တဲ့ LG G 3 စမတ်ဖုန်း စ, ချိုကို...



ကမ္ဘာ့မြို့ကြီး ခြောက်မြို့မှာ စတင်မိတ်ဆက်လိုက်တဲ့ LG G 3 စမတ်ဖုန်း



စ, ချိုကို



ရန်ကုန်၊ မေ ၂၇



LG Electronics ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ်ထားသည့် LG G3 စမတ်ဖုန်းသစ်ကို ကမ္ဘာ့မြို့ကြီး ခြောက်မြို့တွင် မေ ၂၇၊ ၂၈ အတွင်း စတင်မိတ်ဆက် ရောင်းချမည်ဟု ကုမ္ပဏီက မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။



LG G3 ကို လန်ဒန်၊ နယူးယောက်၊ ဆန်ဖရန်စစ်္စကို၊ ဆိုးလ်၊ စင်ကာပူနှင့် အစ္စတန်ဘူလ် စသည့် ကမ္ဘာ့ မြို့ကြီး ခြောက်မြို့ တွင် မေလနောက်ဆုံးပတ်အတွင်း မိတ်ဆက်ပြသရောင်းချမည် ဖြစ်ပြီး LG G3 တွင် အရည်အသွေးမြင့်မားသည့် နည်းပညာများ၊ ကင်မရာအရည်အသွေး မြင့်မားမှုနှင့် ဆန်းသစ်သည့် ဒီဇိုင်းများကိုပါ တွေ့မြင်ရနိုင်မည် ဖြစ်သည်။



LG ၏နောက်ဆုံးပေါ် G3 စမတ်ဖုန်းကို ဇွန်နှင့် ဇူလိုင်လများအတွင်း မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်သို့ ရောက်ရှိလာရန် မျှော်မှန်းထားသည်ဟုလည်း LG ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။



G3 ၏ အသွင်အပြင် ဒီဇိုင်း



၅ ဒသမ ၅ လက်မရှိသည့် စကရင်မျက်နှာပြင်အရွယ်အစားက မျက်နှာပြင် ကျယ်ကြိုက်နှစ်သက်သူများ အတွက် သင့်လျော်သည့် အရွယ်အစား ဖြစ်လာနိုင်သည်။ Pixel သိပ်သည်းဆ 538 ppi (Pixel Per Inch) ရှိသည့် Quad HD Display ဖြစ်ပြီး HD (High Definition) ရုပ်ထွက် ထက်လေးဆ ပိုမိုကောင်း မွန်လာမည် ဖြစ်သည်။ Full HD Display ထက် ရုပ်ထွက် နှစ်ဆပိုမိုကောင်းမွန်လာသည့်အတွက် ကြည် လင်ပြတ်သားသော ရုပ်ထွက်ကို မြင်တွေ့လာရမည် ဖြစ်သည်။



ကင်မရာ



Back Camera (18 Mega Pix) နှင့်Front Camera ( 2.4 Mega Pix) နှစ်လုံး ပါဝင်သည်။Back Camera u 18 Mega Pixel ရှိသည့်အတွက် ကင်မရာအရည်အ သွေးမြင့် စမတ်ဖုန်းဟု ဆိုနိုင်သည်။ ပြင်ပမှ မလို လားအပ်သည့် အလင်းရောင် ၀င်မလာစေရန် ပုံရိပ်နှင့်ကင်မရာကြား အကွာအဝေးကို တွက်ချက်ပြီး အလိုအလျောက် Focus ဖြတ်ပေးသည့် Laser Auto Focus ကို ထည့်သွင်းပေးထားမှုက အသုံးပြုသူများ ကို အဓိကစွဲဆောင်လာစေနိုင်မည့် အချက် ဖြစ်သည်။ အပျော်တမ်း Selfie ရိုက်ယူရန်အတွက် Auto Count Down သုံးစက္ကန့်ထားပေးသည့် လုပ်ဆောင်ချက်မျိုး ထည့်သွင်းပေးထားသည်။



စက်လည်ပတ်မှုစနစ်



စက်လည်ပတ်မှုစနစ်တွင် Android 4.4.2 Kit Kat Version ကို အသုံးပြုထားသည့်အတွက် Android နောက်ဆုံးထွက် ဗားရှင်းကို အသုံးပြုခြင်းဖြစ်သည်။ ဖုန်းအတွင်း သိုလှောင်မှု ပမာဏအတွက်Memory 16/32 MB ရှိပြီး ပြင်ပသိုလှောင်မှုအတွက် 128 GB အထိ အများဆုံး SD ကတ်ဖြင့် ချိတ်ဆက် အသုံပြုနိုင် သေးသည်။ မိုဘိုင်းနက်ဝပ်ဘ်တွင် HSPA နှင့် 3G မိုဘိုင်းကွန်ရက်အပြင် နောက်ဆုံးပေါ် မိုဘိုင်းနည်း ပညာဖြစ်သော 4G/LTE စနစ်များတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။



LG G3 ၏ လုပ်ဆောင်ချက်များ



Smart Notice: သုံးစွဲသူက မသုံးစွဲဘဲထားသည့် ပရိုဂရမ်ဖိုင်များစွာ ရှိလာပါက မှတ်သားထားမည်ဖြစ်ပြီး အသုံးမပြု သည်မှာ ကြာမြင့်လှပြီဖြစ်ပါက ဖိုင်များကို ဖျက်ဆီးရန် သုံးစွဲသူကို ခွင့်တောင်းမည်ဖြစ်ပြီး နေရာ လွတ်များများ ရရှိစေရန်နှင့် ဖုန်း၏ မှတ်ဉဏ်လည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ မိုးရွာနိုင် သည်ဆိုပါက Smart Notice သည် “သင် ယနေ့အပြင်သွားမည်ဆိုပါက ထီးယူသွားသင့်ကြောင်း၊ ညနေ ပိုင်းတွင် မိုးရွာရန်ရှိကြောင်း”စသဖြင့် သင့်ကို အချက်ပေးပြောကြားမည် ဖြစ်သည်။



Smart Security : ပေါ့ပါးသပ်ရပ်သော ကျောဘက်အဖုံးတွင် Metallic Skin ထည့်သွင်းပေးထားပြီး လုံခြုံ ရေးပိုင်းဆိုင်ရာ မြင့်မားနည်းပညာစနစ် Finger Print ပါ ရှိသည်။



Knock Code



အသုံးပြုသူက မိမိသတ်မှတ်ထားသည့် နေရာကို နှစ်ချက်မှ ရှစ်ချက်အတွင်း သတ်မှတ်ထားသည့် အချက် အရေအ တွက်အတိုင်းTap(ထိတွေ့မှု) လုပ်ရမည် ဖြစ်သည်။



Content Lock



သူငယ်ချင်းမိတ်ဆွေများနှင့် ဖိုင်များကို ဝေမျှစဉ်တွင် ကိုယ်မမြင်လိုသည့် ဖိုင်များ၊ ပုံရိပ်များကို အခြားသူများ မမြင်တွေ့စေရန် ကာကွယ်ထိန်းသိမ်းပေးမည် ဖြစ်သည်။ ကွန်ပျူတာတစ်လုံးကို ဆက်သွယ်သည့်အခါတွင်လည်း ကွန်ပျူတာအတွင်းမှ ဗိုင်းရပ်စ်များ ကူးမလာနိုင်စေရန် ကာကွယ် ထိန်းသိမ်းပေးမည် ဖြစ်သည်။



LG G3 စမတ်ဖုန်းသည် အရောင် ငါး မျိုးအထိ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ဈေးနှုန်းမှာ အမေရိကန်ဒေါ် လာ ၉၀၀ ခန့် (ကျပ်ကိုးသိန်းဝန်းကျင်) ဖြင့် ရောင်းချသွားမည် ဖြစ်သည်။







from Mizzima - News in Burmese's Facebook Wall http://ift.tt/1hfECmy

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3