Skip to main content

ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော မော်တော်ယာဉ်များ လိုင်စင်မဲ့ယာဉ်အဖြစ် အများဆုံ...



ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော မော်တော်ယာဉ်များ လိုင်စင်မဲ့ယာဉ်အဖြစ် အများဆုံး ဖမ်းမိ



ရန်ကုန်၊ မေ ၂၈



ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိမှု အစီးရေ ၁၃၀ ကျော်တွင် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် အများဆုံး ဖမ်းဆီးရမိကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။



ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံသို့ ငြိမ်းချမ်းရေး ကားပါမစ်များ ပေးအပ်ခဲ့ပြီးနောက် ရန်ကုန်မြို့တော်အတွင်း ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ယာဉ် တင်သွင်းမှုများ ရှိလာကြောင်း၊ ယင်းကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မသင်္ကာသော ယာဉ်များကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖမ်းဆီး စစ်ဆေးခဲ့ရာ မေလ ၂၂ ရက်နေ့အထိ ယာဉ်အစီးရေ ၁၃၄ စီး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသည့် ယာဉ်များဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။



“ငြိမ်းချမ်းရေးတံဆိပ် တပ်ထားတဲ့ ယာဉ်တွေကို စစ်ဆေးတဲ့အခါ သူတို့က ဝန်ကြီးဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးကား ပါမစ်ခွင့်ပြုချက် လက်မှတ်ထိုးထားတဲ့ စာရွက်ကို ထုတ်ပြတယ်။ ဒါပေမဲ့ စာရွက်က Scan ပွားထားတဲ့ စာရွက်၊ ပြီးတော့ စီးပွား၊ ကူးသန်းဌာနက တင်သွင်းခွင့်ပြု စာရွက် အထောက်အထားတွေလည်း ဘာမှ ပြသနိုင်ခြင်း မရှိလို့ ဖမ်းဆီး အရေးယူပါတယ်” ဟု အဆိုပါ ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ရှင်းပြသည်။



၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၆၄ စီး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလ ၂၂ ရက်နေ့အထိ ယာဉ်အစီးရေ ၇၀ ဖမ်းဆီးရမိခဲ့သောကြောင့် ယခုနှစ်အတွင်း ရန်ကုန်မြို့တော်သို့ လိုင်စင်မဲ့ မော်တော်ယာဉ် တင်သွင်းမှု များပြားလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရှိရသည်။



“ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ကားပါမစ်တွေ ခွင့်ပြုထားတယ် ဆိုပေမယ့် သတ်မှတ်ထားတဲ့ အထောက်အထား စာရွက်စာတမ်း အပြည့်အစုံ မပြနိုင်ဘဲ ငြိမ်းချမ်းရေး တံဆိပ်တပ်ပြီး ရန်ကုန်တိုင်းအတွင်း ဝင်လာရင်တော့ ယာဉ်ထိန်းတပ်ဖွဲ့က တာဝန်အရ ဖမ်းဆီး အရေးယူသွားမှာပါ။” ဟု ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။



အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော လိုင်စင်မဲ့ယာဉ် ၁၃၄ စီးအနက် ပိုင်ရှင်ရှိ မော်တော်ယာဉ် ၂၄ စီးသာ ပါဝင်ပြီး ကျန်ယာဉ်များမှာ ပိုင်ရှင်မဲ့ မော်တော်ယာဉ်များ ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်းသိရှိရသည်။



ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသော်လည်း လိုင်စင်မဲ့ မော်တော်ယာဉ် အများဆုံး ရှိနေသော နေပြည်တော်တွင် ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများ မရှိကြောင်း နေပြည်တော်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။



“အပြင်ပေါက်ဈေးထက် ထက်ဝက်ကွာ သက်သာတော့ လိုင်စင်မဲ့ ကားတွေကို ရန်ကုန်မှာ တိုးတိုးတိတ်တိတ် ဝယ်ယူနေသူတွေ ရှိတာကြောင့် ဒီနှစ်ပိုင်းမှာ ငြိမ်းချမ်းရေး တံဆိပ်ကပ်ပြီး လိုင်စင်မဲ့ ကားတင်သွင်းမှု ပိုများလာတာကို စစ်ဆေးတွေ့ရှိရတယ်။ ပြီးခဲ့တဲ့လက ရခိုင်အမျိုးသားညီလာခံ တံဆိပ်ကပ်ထားတဲ့ ကားသုံးစီးကို ထောက်ကြန့်မှာ ဖမ်းဆီးရမိခဲ့တယ်” ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ အရာရှိတစ်ဦးက ရှင်းပြသည်။



တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ကို ကားပါမစ်များ ထုတ်ပေးခဲ့ပြီးနောက် ငြိမ်းချမ်းရေးတံဆိပ် တင်ဆင်ထားသည့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှု မြင့်တက်လာချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ရှိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၆၅ ခုကို အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးထံသို့ မေလ ၂၂ ရက်နေ့က တင်ပြထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1gCouuy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...