ချင်းပြည်နယ်ဖွံ့ဖြိုးရေး ကျပ်သန်းပေါင်း ၈,၂၀၀ ကျော်ရရှိ
မို့မို့ကြည်| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ်
ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၈,၂၅၂ ဒသမ ၀၁၇ သန်း ရရှိခဲ့ကြောင်းနှင့် ယင်းပမာဏမှာ ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်က ရရှိခဲ့သည့် ကျပ်သန်းပေါင်း ၄,၄၈၈ ဒသမ ၈၆ သန်းထက် နှစ်ဆနီးပါး ပိုမိုရရှိခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဝင်းက မေလ ၂၈ ရက်တွင် မဇ်္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ချင်းပြည်နယ်ဟာဆိုရင် မြန်မာပြည်ထဲက အဆင်းရဲဆုံးပြည်နယ်တစ်ခုပါ။ ဆင်းရဲမွဲတေမှုက ၇၃ ဒသမ ၃ ရာခိုင်နှုန်း အထိရှိပါတယ်။ ဒေသဖွံ့ဖြိုးဖို့က တော်တ်ာလေးလိုနေပါသေးတယ်။ ဒေသဖွံ့ဖြိုး ရေးအတွက် ငွေကိုပိုပြီးချပေးသင့်ပါတယ်”ဟု ၎င်းကပြောသည်။
ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက်ရရှိသောထောက်ပံ့ငွေများကို ကတ္တ၃ရာလမ်းခင်းခြင်းအတွက် ကျပ် သန်းပေါင်း ၈၇၁ ဒသမ ၈၃ သန်း၊ ကျောက်ခင်းလမ်း ၂၄ မိုင်အတွက် ကျပ်သန်းပေါင်း ၁,၄၄၄ ဒသမ ၈ သန်း၊ မြေသားလမ်း ၂၆၈ မိုင်ဖောက်လုပ်ရေး အတွက် ၃,၃၃၆ ဒသမ ၄၈၇ သန်း၊ သစ်သားတံတား ပေ ၈၄၀ အတွက် ကျပ် ၄၁၈ သန်း၊ ရေကန်တူးဖော်ရေးလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၇၂ သန်း၊ ရေပိုက် ပေပေါင်း ၅၀၀ သွယ်တန်း
ရန် ကျပ် ၁၈၇ ဒသမ ၅သန်း၊ ရေလုံ အိမ်သာဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကျပ် ၃၁ ဒသမ ၆ သန်း၊ မီးရရှိရေးလုပ်ငန်းများအတွက် ၇၄၁ ဒသမ ၂ သန်းနှင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများ အတွက် ၅၇ သန်း အသုံးပြုရန် လျာထားကြောင်း ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ယင်းလုပ်ငန်းများအပြင် ချင်းပြည်တွင် တောင်ပြိုမှုများ မကြာခဏဖြစ်ပွားသည့်အတွက် လမ်းပိတ်ဆို့မှု များဖြေရှင်းရန်နှင့်ပျက်စီးသွားသောလမ်းများ ပြုပြင်ရန်ကျပ်သန်းပေါင်း ၁၆၆၆ သန်းကိုသုံးစွဲရန် လျာထား သည်ဟုလည်း ဦးဌေးဝင်းက ပြောသည်။
“ဒီနှစ်အတွက် ဘတ်ဂျက်ငွေကိုရထားပြီးပါပြီ။ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ကို တင်ဒါခေါ်ထားပါတယ်။ ဇွန်လ ၈ ရက်မှာတင်ဒါပိတ်မှာပါ” ဟု ၎င်းက ပြောသည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဇိုဘွဲက “ဒေသဖွံ့ဖြိုးရေး လုပ်နေတာကိုတွေ့ မြင်နေရပါတယ်။ ဒါပေမဲ့ ဖောက်ထားတဲ့လမ်းတွေက ခိုင်ခန့်မှု မရှိပါဘူး။ မနှစ်ကဖောက်ခဲ့တဲ့လမ်းတွေက ဒီနှစ်မှာပျက် ကုန်ပြီ။ စနစ်တကျလုပ်ကိုင်ဆောင်ရွက်မယ့် ကုမ္ပဏီတွေနဲ့ပဲ လုပ်စေချင်ပါတယ်”ဟု ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1pmeg4p
Comments
Post a Comment