Skip to main content

ပြည်ခိုင်ဖြိုးပါတီက ၀က်ထီးကန်နေရာတွင် ခန်းမ ဆောက်မည်ကို ဒေသခံများ သမ္မတထံ ကန့်ကွက...



ပြည်ခိုင်ဖြိုးပါတီက ၀က်ထီးကန်နေရာတွင် ခန်းမ ဆောက်မည်ကို ဒေသခံများ သမ္မတထံ ကန့်ကွက်စာပို့



ရေခဲ(ပြည်)| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ်



ရှေးဟောင်းသမိုင်းဝင်ကန်ကြီးတစ်ခုဖြစ်သည့် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ၀က်ထီးကန်တိုက်နယ်အုပ်စုရှိ ၀က်ထီးကန် ကန်ကြီးကို မြေဖို့ကာအဆောက် အအုံဆောက်လုပ်ရန် စီစဉ်နေခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ၁၅၀ ကျော် လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတထံ မေ လ၂၆ ရက်က တိုင်ကြားလိုက်သည်။



နိုင်ငံတော်ဘတ်ဂျက်ဖြင့် ၂၀၁၄ ခုနှစ်၊ အစောပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြန် လည် ဆယ်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ ပြီး ခန်းမဆောက်လုပ်ရန် ရပ်မိရပ်ဖများနှင့် မေလ ၁၁ ရက် တွင် အစည်းအဝေး ပြုလုပ်ထားသည်ဟု ကန့်ကွက်လက်မှတ်များ လိုက်လံစုဆောင်းသူ ဒေသခံကိုဝင်းလွင် က ပြောသည်။



“အာဏာရပါတီက ခန်းမဆောက်မယ်ဆိုပြီး ပြည်သူလူထုကိုချမပြဘဲ သူ့သဘောနဲ့သူ လုပ်နေတာကို ကန့် ကွက်တယ်။ ခန်းမရဲ့ပိုင်ဆိုင်မှုကလည်း ရှင်းမှာမဟုတ်ဘူး” ဟု ဆိုသည်။



ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မေလ ၂၀ ရက်နှင့်၂၁ ရက်များတွင် ခန်းမဆောက်လုပ်မှုကို သဘော တူညီ ကြောင်းလက်မှတ်များ တစ်အိမ်တက် ဆင်းကောက်ခံခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။



သဘောတူညီကြောင်း လက်မှတ်မထိုးလိုက်သူ ရွာမရပ်ကွက်မှ ဦးသန်းက “ဦးကကန့်ကွက်လိုက်တယ်။ သမိုင်းဝင် ကန်ဖြစ်တဲ့အတွက်၊ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်၊ အများပြည်သူကို အသိ မပေးတဲ့အ တွက်” ဟု ပြောသည်။



ယင်းနှင့်ပတ်သက်၍ ၀က်ထီးကန် မြို့နယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းက “ခန်းမ ဆောက်ဖို့ရာ သဘောထားကောက်ခံ ထားပြီးဖြစ်ပါတယ်။ အများစုက လက်ခံပြီး ကန့်ကွက်တာက အနည်းစုက ကန့်ကွက်ထားတယ်။ ဘာပဲဖြစ်ဖြစ် အများသဘောတူဆုံးဖြတ်ချက်နှင့် ပြုလုပ် သွားမှာပါ” ဟု ပြောသည်။



လက်ရှိတွင် ၀က်ထီးကန်ရဲစခန်းအ ရှေ့ဘက်ကန်ပေါင်မှ မြေသားလျှောက်လမ်း ပြုလုပ်ထားပြီး ကန်အ လယ်တွင် အဆောက်အအုံဆောက်လုပ်ရန် ကုန်းမြင့်နေရာပြုလုပ်ထားသည်။အဆောက် အအုံဆောက် လုပ်ပါက ကန်ဧရိယာ ကျဉ်းသွားသည့်အတွက် ရေသောက်လယ်မြေများဖြစ်သော ပနီပင်အုပ်စု၊ မြို့မအုပ် စု၊ နှောကန်အုပ်စုရှိ ကျေးရွာ ၁၁ ရွာမှ လယ်ယာမြေ ဧက ၈၀၀၀ ကျော် ရေရရှိမှုနည်းသွားနိုင်သည်ဟု လည်း ဒေသခံကိုဌေးမြင့်က သုံးသပ်ထားသည်။



“အဆောက်အအုံဆောက်မှာနဲ့ ဆိုရင် ကန်ကတော်တော်ကျဉ်းသွားပြီ။ အရင်ကန်က ဧက ၁၆၀ လောက်ရှိ တာ။ အခု ၁၂၀ လောက်ဘဲ ရှိတော့တယ်” ဟု ၎င်းက ဆိုသည်။



ပေါက်ကျိုင်းရှင်ဘုရင်၏ ယောက်ဖတော် ခေပရူပမင်းသားသည် တကောင်းမြို့မှ ၀က်ကြီးတစ်ကောင် နောက်သို့ လိုက်ခဲ့သည်။ ထိုကန်နေရာအရောက်တွင် ၀က်ကြီးလူးနေသည်ကို တွေ့ပြီး မြားနှင့်ပစ်မည်ပြု စဉ် ၀က်ကြီးက ကန်ကြောက်ပြေးသဖြင့် ၀က်ကြီးကန်ဟု ခေါ်ရာမှ ၀က်ထီးကန်ဟု အမည်တွင် ခြင်းဖြစ် ကြောင်း ဒေသခံများကပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jvatd1

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...