အီဘိုလာဗိုင်းရပ်စ် ထိန်းချုပ်ရန် ပိုမိုခက်ခဲလာနေ
အေအက်ဖ်ပီ
ကိုနာကရီ၊ ဧပြီ ၁
ဂီနီနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသဖြင့်လူ ၇၈ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဆေးဝါးအထောက် အပံ့ပေးနေသည့် လုပ်ငန်းအဖွဲ့အစည်းတစ်ခုက ပြောကြားခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဗိုင်းရပ်စ်မှာ တစ်နိုင်ငံလုံးအနှံ့ ကူးစက်နေပြီးဖြစ်သဖြင့် ထိန်းချုပ်ရန် အလွန်ခက်ခဲကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အာဖရိကတိုက် အနောက်ဘက်ခြမ်းရှိ ဂီနီနိုင်ငံ တွင် တစ်နေရာနှင့်တစ်နေရာ ကီလိုမီတာရာနှင့်ချီ ဝေးလံခေါင်ဖျားသော အရပ်များတွင် ယင်းဗိုင်းရပ်စ် ပျံ့နှံ့ မှုကြောင့် ရောဂါတိုက်ဖျက်ရေးအတွက် အခက်အခဲ ကြုံနေရသည်။
အီဘိုလာ ရောဂါပိုးမှာ လူလူချင်း နီးနီးကပ်ကပ် ဆက်ဆံမှုမှကူးဆက်နိုင်ပြီး ကူးစက်ခံရသူ ၂၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း ထိသေစေနိုင်သော ရောဂါဖြစ်သည်။ ရောဂါပျံ့နှံ့ပုံအရ ဂီနီနိုင်ငံတွင် မကြုံစဖူးကြီးမားသော ကပ်ရောဂါဘေးဆိုးနှင့် ရင်ဆိုင်နေရကြောင်း ဂီနီနိုင်ငံထောက်ပံ့ရေးအဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး မာရီယာ နိုလူဂလီက ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားနေသည့် နေရာများမှာ သွားလာရေး ခက်ခဲသောကြောင့် အီဘို လာဗိုင်းရပ်ပိုးအား ထိန်းချုပ်ရန် ခက်ခဲနေသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/PgsRyJ
Comments
Post a Comment