Skip to main content

ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး ကု...



ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး



ကိုတိုးကြီး



ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ လူသုံးဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ဆိုင် ကယ်သမားထံမှ ငွေကျပ် သိန်း ၄၀ ကို လုယူထွက်ပြေးသွားသည့် အမှုတစ်ခု မတ်လ ၃၁ ရက် ညဦးပိုင်း က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့နယ်၊ မလယ် နယ်မြေရဲစခန်း ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။



စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ကျားဘိုကျွန်းတောတိုက်အနီး၌ ပဇီကြီးကျေးရွာနေ မောင်မျိုး အသက် (၂၃)နှစ်ဆိုသူသည် မတ်လ ၃၀ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာစဉ် အမည်မသိ လူသုံးဦးက ဆိုင်ကယ်စီးလာသူ၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ တားဆီးရိုက်နှက်ပြီး ငွေများကို လုယက်ခံရခြင်းဖြစ်ကြောင်း မလယ်ရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြထားသည်။



ရိုက်နှက်ခံရသူသည် စဉ့်ကူမြို့နယ်၊ ငါးတွင်းကြီးကျေးရွာမှ ကျားဘိုကျွန်းတော တိုက်တွင် နေထိုင်သူ ဦးခိုင်စိုးနှင့် ဦးမောင်အေးဆိုသူတို့ထံ အကြွေးပေးရန်သွားစဉ် ထိုတောတိုက်သို့ ဖြတ်သန်းရောက်ခဲ့ခြင်း ဖြစ်သည်။



ရိုက်နှက်လုယက်ခံရသူကိုမောင်မျိုးဆိုသူသည် နေအိမ်မှယူလာသည့် ငွေကျပ် ၆၇ သိန်းကို ဦးခိုင်စိုးဆိုသူ ထံ ငွေကျပ် ၁၀ သိန်း၊ ဦးမောင်အေး ဆိုသူထံ ငွေကျပ် ၁၇ သိန်း ပေးချေခဲ့ပြီး ကျန်ငွေကျပ်သိန်း ၄၀ နှင့် အတူ နေအိမ်သို့ပြန်ရာတွင် အမည်မသိ လူသုံးဦးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။



အဆိုပါ ရိုက်နှက်လုယက်မှုနှင့် ပတ်သက်ပြီး ကန့်ဘလူမြို့နယ်၊ မလယ်နယ်မြေ ရဲစခန်းက ပြစ်မှုကြီးဖြစ် စဉ်အမှတ် ၃/ ၂၀၁၄ (ပ) ၂၄/၂၀၁၄ ပုဒ်မ၃၉၄ အရ အမှုဖွင့်ဆောင်ရွက်နေသည်။



မလယ်ရဲစခန်းနယ်မြေသည် တစ်လလျှင် အမှုကြီးဖြစ်စဉ်တစ်ခုနှုန်း ဖြစ်ပွား ပေါ်ပေါက်လျက်ရှိသည့် အတွက် မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲများ ပြု လုပ်ပေးရန်လိုအပ်လျက်ရှိကြောင်း ဒေသခံများ က ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/PhrHTS

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3