ဆန်းသစ်သည့် မိုက်ကယ်ဂျက်ဆင် အယ်လ်ဘမ် ထွက်မည်
နယူးယောက်၊ ဧပြီ ၁
ကွယ်လွန်သွားပြီဖြစ်သည့် ကမ္ဘာကျော် အဆိုတော်မိုက်ကယ်ဂျက်ဆင်၏ အောင်မြင်ကျော်ကြားခဲ့သည့် တေး သီချင်းများကို ပြန်လည်ဆန်းသစ်ထားသည့် တေးသီချင်းများ ထွက်ရှိလာတော့မည်ဖြစ်သည်။ ယင်းတေးသီ ချင်းအယ်လ်ဘမ်သည် မေလ ၁၃ ရက်တွင် ထွက်ရှိမည်ဖြစ်ပြီး တမိုသီတင်ဘာလန်၏ ကြိုက်နှစ်သက်သည့် အတိုင်း ဆန်းသစ်ဖန်တီးထုတ်လုပ်ထားသည့်သီချင်းရှစ်ပုဒ် ပါဝင်မည်ဖြစ်သည်။
“မိုက်ကယ်ဂျက်ဆင် ချန်ထားခဲ့တဲ့ အနုပညာပြကကွက်အချို့ကို တေးထုတ်လုပ်သူတွေအမြင်နဲ့ ပေါင်းစပ်ပြု ပြင်ဖန်တီးထားတာ အရမ်းကိုပဲကောင်းပါတယ်”ဟု ရိက ပြောကြားခဲ့သည်။
၎င်းသည် ဂျက်စတင်တင်ဘားလိတ်၊ စတားဂိတ်တို့နှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ရီဟားနားနှင့် ဘီယွန်း ဆေးတို့၏ တေးအယ်လ်ဘမ်များကိုလည်း ထုတ်လုပ်ခဲ့ဖူးသူဖြစ်သည်။
ယင်းသီချင်းများ၏အယ်လ်ဘမ်ကို"Xscape" ဟု ခေါင်းစီးပေးထားပြီးEpic Recordsအနုပညာဝက်ဘ်ဆိုဒ် ပိုင်ရှင်ဥက္ကဋ္ဌ ရိက နားထောင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1ieOIiJ
Comments
Post a Comment