ကမ္ဘာ့သတင်းတိုများ
တရုတ်ထိပ်တန်းစစ်အရာရှိတစ်ဦးကို အရေးယူ
တရုတ် ထိပ်တန်းစစ်တပ်အရာရှိ တစ်ဦးဖြစ်သူ ဂူကျန်ဆန်းအား အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခဲ့ ကြောင်း ဧပြီ ၁ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းဖြစ်ရပ်မှာ ၂၀၀၆ ခုနှစ် တွင် အလွဲသုံးစား ပြုလုပ်မှုများကြောင့် အရေးယူခံခဲ့ရသည့် ဒုတိယရေတပ်ဗိုလ်ချုပ်ကြီးအား ထောင် ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ပြီးနောက်ပိုင်း နိုင်ငံ၏အဆင့်မြင့် စစ်တပ်အရာ ရှိတစ်ဦးကို အရေးယူမှု ဖြစ်သည်။
မာမီဝက်ဝံရုပ်ကြွင်းတစ်ခုတွေ့ရှိ
ရှေးဟောင်းသုတေသီများမှ အီဂျစ်ရှိ သင်္ချိုင်းဂူတစ်ခုအတွင်း သက်တမ်းအရင့်ဆုံးအဖြစ် သတ်မှတ်နိုင်သည့် နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိ မာမီဝက်ဝံရုပ်ကြွင်းတစ်ခုကို တွေ့ရှိခဲ့သည်ဟု ဧပြီ ၁ ရက်က အိပ်ပရက် သတင်းစာ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်းကြောင့် ရှေးခေတ်အီဂျစ်များအနေဖြင့် ကစားစရာအရုပ်များကို ညဘက်သိမ်းထား ရုံတင်မက ကိုးကွယ်မှုများပင်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
နာဇီသိမ်းယူထားသည့်ပန်းချီကား ပြန်ပေး
ဂျာမနီနာဇီများက ၁၉၃၉ ခုနှစ် တွင် ပိုလန်အမျိုးသားပြတိုက်မှ သိမ်းယူထားသော ၁၈ ရာစုပန်းချီကားကို ဂျာမနီတို့က ပြန်လည်ပေးအပ်ခဲ့သည်ဟု ဧပြီ ၁ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုပန်းချီကားမှာ ဗင်းနစ်မြို့သား အနုပညာရှင် ဖရန့်စ်ကိုဂါဒီက ရေးဆွဲထားခြင်းဖြစ်ပြီး ပန်းချီကား နာမည် မှာ “နန်းတော်လှေကားထစ်များ” ဟု အမည်ရသည်။
တရုတ်သမ္မတ ဥရောပရောက်
ဥရောပသို့ နောက်ဆုံးခရီးစဉ်အဖြစ် ရောက်ရှိနေသော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖင်သည် တရုတ်နှင့် ဥရောပသမဂ္ဂ ဆက်ဆံရေး ခိုင်မာအားကောင်းနေကြောင်းပြသရန် ဥရောပသမဂ္ဂ အဖွဲ့ချုပ်ရုံးသို့ သွား ရောက်လည်ပတ်ခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရဲများနှင့်ပဋိပက္ခဖြစ်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် မြို့တော်တွင် အစိုးရအတိုက်အခံများ၊ ရေဒီယိုအော်ပရေတာများနှင့် လုံခြုံ ရေး ရဲတပ်ဖွဲ့များ၊ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/PhrEYa
Comments
Post a Comment