Skip to main content

" သမီးကလေးလည်း ပါသွားပြန်ပြီ " သမီးကလေးကျေးရွာအပါအဝင် ရွာသုံးရွာမှ ရွာသား ၂ဝဝေ...



" သမီးကလေးလည်း ပါသွားပြန်ပြီ "



သမီးကလေးကျေးရွာအပါအဝင် ရွာသုံးရွာမှ ရွာသား ၂ဝဝ ကျော်သည် DKBA ၏အစီအစဉ်ဖြင့် ဧပြီ ၂ ရက်တွင်ကရင်ပြည်နယ်သို့ ပြောင်းရွှေ့မည်ဖြစ် သည်။



သမီးကလေးကျေးရွာ၊ အင်းပတီကျေးရွာ၊ ဒေါ်ကာလီကျေးရွာများမှ ရွာသူရွာသား ၂ဝ၁ ဦးအား DKBA မှ ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင် ကိုယ်တိုင် ရွာသို့လာခေါ်မည်ဖြစ်ကြောင်း DKBA ၏မန္တလေးစီးပွားရေး ဆက်ဆံ ရေးမှူး ဗိုလ်မှူးစောဝင်းဇော်က ပြောသည်။



ကရင်ပြည်နယ်သို့လိုက်ပါမည့် ရွာသားများအား ဆုံဆည်းမြိုင်နှင့် မြဝ တီမြို့နယ် စပ်အကြားတွင် နေထိုင်ခွင့်ပေးမည်ဖြစ်ပြီး ပေ ၄ဝx၆ဝ မြေ ကွက်များ အပိုင်ချထားပေးမည်ဟု သိရသည်။



လက်ရှိတွင် သမီးကလေးကျေးရွာမှ ရွာသားများအပါအဝင် ဒေါ်ကာ လီကျေးရွာမှ ဦးဇင်းနှစ်ပါးနှင့် အင်းပတီးရွာမှ ဦးဇင်းတစ်ပါးတို့ပါ ကရင်ပြည်နယ်သို့ လိုက်ပါမည်ဖြစ်ကာ ပဲခူးတိုင်းအတွင်းရှိ အောင် သိဒ္ဓိကျောင်းထိုင် ဆရာတော်ဦးအဂ္ဂကိုယ်တိုင် ကရင်ပြည်နယ်သို့ လိုက်ပါကြီးကြပ်ပေးသွားမည်ဟု သိရသည်။



ဧပြီ ၁ ရက်နေ့ ညနေ ၆ နာရီခန့်မှစတင်ကာ DKBA မှစီစဉ်ပေးထားသည့် ဆယ့်နှစ်ဘီးကား လေးစီးပေါ်သို့ပြောင်းရွှေ့ရန် ပစ္စည်းများတင် ဆောင်နေကြ သည်။



အဆိုပါ ကားများမှာဧပြီ ၂ ရက် နံနက် ၄ နာရီခန့်တွင်ပဲခူးတိုင်း အတွင်း မှစတင်ထွက်ခွာမည်ဖြစ်ပြီး ထိုအချိန်တွင်လိုက်ပါနိုင်ခြင်းမရှိသေးသည့်

သမီးကလေးကျေးရွာအိမ်ထောင်စုဝင်များနှင့် ကျန်အနီးအနားရှိ အိမ်ခြေဖျက်သိမ်းခံ ကျေးရွာသားများ အနေနှင့်လည်း ကရင်ပြည်နယ်သို့ လိုက်ပါလို့ပါက DKBA သို့ အချိန်မရွေးဆက်သွယ်နိုင်ပြီး ထပ်မံလာရောက်ခေါ်ယူပေးသွားမည် ဟု DKBA ၏ တာဝန်ရှိသူဗိုလ်မှူး စောဝင်းဇော်က ဆိုသည်။



''ပထမတစ်ခါ ရွာဖျက်ခံရတုန်းက သမီးကလေးက တစ်ခါပျက်တယ်။ ခု တစ်ခါထပ်အလိမ်ခံရတော့နှစ်ခါပျက်တယ်။ ပထဆုံးတစ်ခေါက် ကရင်ကိုလိုက်မလား လာခေါ်တုန်းက ငိုချင်ပေမယ့် ခုတော့ ကိုယ့်အဖြစ် ကိုယ်ရယ်ချင်သွားပြီ'' ဟု ကရင်ပြည်နယ်သို့လိုက်ပါ သွားမည့် မိသားစုဝင်ငါးဦးရှိသည့် မနီလာဝင်းက ပြောသည်။



အိမ်ခြေဖျက်သိမ်းခံ သမီးကလေး ကျေးရွာသားများအား မတ်လ ၁၇ ရက် နေ့မတိုင်မီ ၎င်းတို့ခိုလှုံနေသည့်အောင် သိန္ဒိဘုန်းကြီးကျောင်း ဝင်းအတွင်းမှ အပြီးသတ်ထွက်ခွာပေးရန် ပဲခူးတိုင်းအစိုးရက ထုတ်ပြန်ခဲ့၍ သမီးကလေးရွာရှိ အိမ်ထောင်စု ၁၅၇စု သည် ပဲခူးတိုင်းအတွင်း ရှိ အောင်သိန္ဒိဘုန်းကြီးကျောင်းဝင်းအတွင်း ခိုလှုံနေခဲ့ရသည်။



ထိုသို့ ပဲခူးတိုင်းအုပ်ချုပ်ရေးမှူး တို့မှ ဖိအားပေးရွှေ့ပြောင်းစေ မှုကြောင့် ကျေးရွာသားများ ကရင်ပြည်နယ်သို့ လိုက်ပါလိုပါက လိုက်နိုင်ရန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် DKBA မှ ဆယ်နှစ် ဘီးကား နှစ်စီးဖြင့် အသင့်စောင့်ဆိုင်းနေပေးခဲ့သော်လည်း ရွာ သားများအနေဖြင့် လိုက်ပါသွားခြင်းမရှိခဲ့ပေ။



ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းကလည်း ရန်ကုန်တိုင်းဒေသကြီး ဖောင်ကြီးအနီးရှိ ဝါယားကုန်း မြို့နယ်တွင် မြေဧက ၉ ဧကခန့်ကို အကွက်ရိုက်၍ အိမ်နေရာများ

ပြန်လည် ပေးသွားမည်ဟု ပြောကြားခဲ့သလို ရန်ကုန်တိုင်းအစိုး ရနှင့် ပြည်ခိုင်ဖြိုးပါတီ တို့မှ မြေနေရာ ပြန်လည်အစား ထိုးပေး မည်ဟု ပြောကြားလာခဲ့၍ မတ် ၂၇ ရက်နေ့တွင်

လှည်းကူမြို့နယ် ဝါယာကုန်းကျေးရွာသို့ ပြောင်းရွှေ့ခဲ့ကြသည်။



သို့သော်လည်း အစိုးရအဖွဲ့နှင့် လှည်းကူးမြို့နယ် လွှတ်တော်ကိုယ်စား လှယ်တို့မှ တခြားနေရာသို့ ပြောင်းရွှေ့လျှင် ပြန်လည်အပ်နှံရမည်ဟု လက်မှတ်ထိုးခိုင်းခြင်း၊ သောက်ရေအခက်ခဲရှိခြင်း၊ မြွေပွေးနှင့်တော

ပင်ကူနက်များ ပေါခြင်းတို့ကြောင့် မတ်လ ၂၈ ရက်နေ့တွင် ပဲခူးမြို့နယ်

အောင်သိန္ဒိဘုန်းကြီး ကျောင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြပြန် သည်။



''လက်မှတ်မထိုးနိုင်ရင်မနေနဲ့ ပြောတယ်။ ဒါက ဒုက္ခရောက်နေတာကို ထပ်ဖိနှိပ်ချင်တဲ့ သဘောမှာရှိတဲ့ အတွက် မနေနိုင်ရင်လည်း ပြန်လာခဲ့လို့ ဦးဇင်းပြောလိုက်တယ်'' ဟု ဦးအဂ္ဂက မိန့်ကြားသည်။



သုတလင်း





from Popular Myanmar News Journal's Facebook Wall http://ift.tt/QEPJt0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...