Skip to main content

အိမ်သုံး ထင်းလောင်စာများ လိုအပ်မှု သစ်တောဦးစီးဌာနများက ဖြန့်ဝေပေးရန် လိုအပ်ဟုဆို...



အိမ်သုံး ထင်းလောင်စာများ လိုအပ်မှု သစ်တောဦးစီးဌာနများက ဖြန့်ဝေပေးရန် လိုအပ်ဟုဆို



ဟင်္သာတ၊ ဧပြီ ၂



ရခိုင်ရိုးမနှင့် နီးစပ်သည့် ဒေသများတွင် မြေပဲနှင့် အခြားသီးနှံများကို စီးပွားရေးအရ ဦးစားပေး စိုက်ပျိုး ထုတ်လုပ်ခဲ့မှုကြောင့် မီးဖိုချောင်အတွက် အိမ်သုံး ထင်းလောင်စာများ လိုအပ်မှုကို သက်ဆိုင်ရာ သစ်တောဦးစီးဌာန များက ထင်းလောင်စာ ဖြန့်ဝေပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။



ကြံခင်းမြို့နယ်တွင် ကျွန်းသစ်တောများနှင့် နီးစပ်ပြီး တရားမဝင် သစ်ထုတ်လုပ်သူများ၊ မီးသွေး ထုတ်လုပ်သူများ ရှိသော်လည်း ကျေးလက်ဒေသနေ လက်လုပ်လက်စားများမှာ ထင်းလောင်စာ လိုအပ်လျက် ရှိနေကြောင်း ၎င်းတို့က ဆိုသည်။



မြန်အောင်မြို့နယ်ရှိ ကျေးလက်ဒေသနေ လူတန်းစားများက ထင်းလောင်စာ အတွက် အပင်များကို ခုတ်လှဲ အသုံးပြုလေ့ရှိပြီး ပြန်လည်စိုက်ပျိုးမှု အားနည်းခြင်းကြောင့် ထင်းလောင်စာ လိုအပ်မှု မြင့်မားကြောင်း မြန်အောင်မြို့ခံ ဦးတင်ရွှေက ပြောကြားသည်။



သစ်တောဦးစီးဌာန အနေနှင့် သစ်တောစိုက်ခင်း တည်ထောင်ခြင်းများကို ရှေးယခင်ကတည်း စိုက်ပျိုးခဲ့သော်လည်း ၁၉၇၇- ၁၉၇၈ ခုနှစ်မှစ၍ ထင်းအစားထိုး သစ်ပင်များကို စိုက်ပျိုးတည်ထောင်ခဲ့ပြီး လက်ရှိ အချိန်၌လည်း နေရာဒေသကို အခြေခံ စိုက်ပျိုးတည်ထောင်လျက် ရှိကြောင်း၊ ယင်းစိုက်ခင်း အမျိုးအစားများအနက် ကျေးရွာသုံး စိုက်ခင်းများသည် ဒေသခံများ၏ ထင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခဲ့သော စိုက်ခင်းများ ဖြစ်ကြောင်း ဟင်္သာတခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြက ပြောကြားသည်။



ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးလက်အိမ်ရာ ထူထောင်ရေးအတွက် ကျေးရွာပိုင် တစ်ရွာတစ်ဧက စိုက်ခင်းနှင့် တစ်အိမ်ထောင် ကျွန်းသုံးပင်၊ သစ်မာအပင် ၂၀ စိုက်ပျိုးထုတ်လုပ်ရန် စီမံချက်ဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်က စတင်စိုက်ပျိုးခဲ့ရာ ဒေသခံများကို ပြုစုထိန်းသိမ်းစေခဲ့ကြောင်း၊ မြို့နယ်အလိုက်၊ ကျေးရွာအလိုက်၊ အိမ်ထောင်စုအလိုက်၊ စိုက်ပျိုးပေးခဲ့သည့် မှတ်တမ်းများ ထားရှိကြောင်း၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း မှတ်တမ်းမှတ်ရာဖြင့် စနစ်တကျ လွှဲပြောင်းပေးထားခဲ့ကြောင်း ၎င်းကဆိုသည်။



ကျေးရွာပိုင် တစ်ရွာတစ်ဧကမှ လည်းကောင်း၊ ခြံဝင်းအတွင်းမှ စိုက်ပျိုးထားသော ကျွန်းသုံးပင်နှင့် သစ်မာ ၂၀ ပင်တို့မှ ကိုင်းဖျားကိုင်းနားများ၊ ပင်ပူးများမှ ထင်းရရှိနိုင်ကြောင်း၊ စိုက်ပျိုးခဲ့သော စီမံချက်လုပ်ငန်းသည် ၅ နှစ်ခန့်သာရှိသဖြင့် ထင်းထုတ်လုပ်နိုင်မှု အခြေအနေ မရှိသေးသော်လည်း နောင် ၃ နှစ်ခန့်တွင် ကျေးရွာပိုင် သစ်တော စိုက်ခင်းများမှ ထင်းဖြန့်ဝေခြင်း လုပ်ငန်းကို အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးက ရှင်းပြသည်။



၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ကျေးရွာပိုင် တစ်ရွာတစ်ဧက စိုက်ခင်း ၄၇ ဧက၊ ကျွန်းပင်ပေါင်း တစ်သိန်းငါးသောင်းကျော်၊ သစ်မာပင် ကိုးသိန်းကျော် ဖြန့်ဝေစိုက်ပျိုးကာ သက်ဆိုင်ရာ ကျေးရွာများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၏ မိုးရာသီတွင် ဟင်္သာတခရိုင် ၆ မြို့နယ်၌ ၁၃ ဧက၊ တစ်အိမ်ထောင် ကျွန်း၃ ပင်အတွက် အပင်ပေါင်း ၁၉,၂၄၈ ပင်၊ တစ်အိမ်ထောင် သစ်မာ ၂၀ ပင်ပေါင်း ၁၁၉,၁၆၀ ပင် စိုက်ပျိုးရန် လျာထားကြောင်း ခရိုင်သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1pSpr2B

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...