Skip to main content

မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည်



မော်လမြိုင် ဧပြီ ၁တပ်မတော် အစိုးရလက်ထက်၌ မော်လမြိုင်ခရိုင် ခြောက်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၃၂ ခုက သိမ်းဆည်းခဲ့သော လယ်မြေများအနက် ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်မြေ ၂၃၈၀ ဒသမ ၈၅ ဧကကို မူရင်း လယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် စာရင်း ရောက်ရှိပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုင်က ပြောကြားသည်။


တပ်မတော်က အသုံးမပြုသည့် လယ်မြေများကို မူရင်းလယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်ခရိုင် အနေနှင့်လည်း ၎င်းတို့ စွန့်လွှတ်သည့် လယ်မြေ စာရင်းများကို ရရှိထားပြီး ဖြစ်သောကြောင့် လယ်ပိုင်ရှင်များကို ရှာဖွေပြီး စက်တင်ဘာလအတွင်း အကြောင်းကြားမည်ဟု ၎င်းကဆိုသည်။



မော်လမြိုင်ခရိုင်အတွင်း ပြန်လည် ရရှိသည့် လယ်မြေဒေသများမှာ ချောင်းဆုံမြို့နယ် ကွမ်လျာကျေးရွာနှင့် ဖံဖကျေးရွာရှိ လယ်မြေများ၊ မော်လမြိုင်မြို့နယ်မှ ရွှေမြိုင်သီရိ နယ်မြေနှင့် ကော့လျာရှိ လယ်မြေများ၊ ကျိုက်မရောမြို့နယ်မှ ခရုံဂူဘုရားဘေးရှိ လယ်မြေများ၊ မုဒုံမြို့နယ်မှ ဘဲရမ်းကျေးရွာ၊ ကွေ့ဝမ်းကျေးရွာ၊ ရောင်းဒေါင်း ကျေးရွာနှင့် တက်တဲကျေးရွာရှိ လယ်မြေများ၊ ရေးမြို့နယ်မှ အံဒင်ကျေးရွာ၊ ဒူးယား ကျေးရွာ၊ တူးမြောင်းကျေးရွာ၊ နှစ်ကရင် ကျေးရွာနှင့် ဘေးလမိုင်း ကျေးရွာများရှိ လယ်မြေများ ဖြစ်ကြောင်း ခရိုင်မြေစာရင်း ဦးစီးမှူး ဦးပန်တုကျော်က ပြောကြားသည်။



လယ်သမားများတွင် ပိုင်ဆိုင်မှု မရှိပါက ယာယီ လုပ်ကိုင်ခွင့်အဖြစ် စပါးစိုက်ခွင့် ပေးထားမည် ဖြစ်သော်လည်း ယာယီ လုပ်ကိုင်ခွင့်ရရှိသည့် လယ်သမားများသည် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် သက်သေများဖြင့် လယ်ပိုင်ဆိုင်ခွင့်ကို ပြန်လည် လျှောက်ထား ရမည် ဖြစ်ကြောင်းနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် လယ်မြေများ ဖြစ်ပါက မြေယာကော်မတီများက ကြားဝင် ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ ၎င်းတို့ ဖြေရှင်းပေးခြင်းကို တစ်ဦးဦးက သဘောမတူက တရားရုံး၏ ဆုံးဖြတ်ချက် ချမှတ်ပြီးမှ လယ်ပိုင်ရှင်များထံ ပြန်ပေးမည်ဟု ၎င်းကရှင်းပြသည်။



“တိုင်ကြားတဲ့ သူကလည်း မှန်မှန်ကန်ကန် တိုင်ကြားဖို့၊ သဘောက မှားယွင်း တိုင်ကြားတာလည်း ရှိတယ်။ နှစ်ဦးနှစ်ဖက် အငြင်းပွားလို့ တိုင်ကြားတာလည်း ရှိတယ်။ တကယ်လို့ ကျွန်တော်တို့ စစ်လိုက်လို့ ပေါ်သွားရင်လည်း ကျွန်တော်တို့က သူတို့ကိုပြန် အရေးယူလို့ရတယ်၊ ဒါလည်း တရားဝင် ညွှန်ကြားထားတယ်။ ပြန်လည် တောင်းဆိုတဲ့အခါ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းမဟုတ်ပဲ တောင်းဆိုတာတွေ မလုပ်ရဘူး” ဟု ဦးပန်တုကျော်က ပြောဆိုသည်။



တပ်မတော် တပ်ရင်းများက စွန့်လွှတ်လိုက်သည့် လယ်မြေများကို မူရင်း တောင်သူများရှိ မရှိ ပြန်လည် စစ်ဆေးရာတွင် ရေးမြို့နယ်ရှိ လယ်မြေများမှာ မူရင်း တောင်သူများကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း အချို့မြို့နယ်များတွင် မူရင်းတောင်သူများကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးတို့နှင့် ခရိုင်မြေစာရင်း ဦးစီးမှူးတို့၏ ပြောကြားချက်အရ သိရသည်။


{fcomment}





from Voice http://ift.tt/1jXjcv3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...