Skip to main content

အန္တာတိတ်တွင် ဂျပန် ဝေလငါးဖမ်းနေသည်ကိုရပ်တန့်ရန် အမိန့်ချမှတ် ဘီဘီစီ တိုကျို၊ ဧ...



အန္တာတိတ်တွင် ဂျပန် ဝေလငါးဖမ်းနေသည်ကိုရပ်တန့်ရန် အမိန့်ချမှတ်



ဘီဘီစီ



တိုကျို၊ ဧပြီ ၁



ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံးက အန္တာတိတ်ဒေသတွင် ဂျပန်နိုင်ငံက ဝေလငါးဖမ်းနေသည့် အစီအစဉ် များကို ရပ်တန့်ရန် အမိန့်ချမှတ်ခဲ့သည်ဟု ဧပြီ ၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ဂျပန် အစိုးရ ကြေညာထားသကဲ့သို့ သိပ္ပံစမ်းသပ်မှုများအတွက် မဟုတ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မေလက သြစတြေးလျနိုင်ငံက တိုင်တန်းသတင်းပို့ချက်ကို ကုလသမဂ္ဂအဖွဲ့ကြီးက သဘောတူထောက်ခံသဖြင့် ယင်း ကဲ့သို့ အမိန့်ထုတ်ရခြင်း ဖြစ်သည်။ ဂျပန်၏အစီအစဉ်မှာ ဟန်ဆောင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း သြစတြေးလျအစိုးရက စောဒကတက်ခဲ့သည်။ တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာမည်ဖြစ်ကြောင်း ဂျပန် အစိုးရက ပြောကြားခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်မိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ သည်။ နိုင်ငံတကာ တရားရုံး ဆုံးဖြတ်ချက်သည် မလိုက်နာသူများအား အပြစ်ပေးပိုင်ခွင့်ရှိသည့် ဆုံးဖြတ်ချက် ဖြစ် သည်။ သြစတြေးလျ၏ တရားစွဲဆိုသည့် လုပ်ရပ်မှာ ယင်းတို့၏ ယဉ်ကျေးမှု အစဉ်အလာများကို ဂျပန် နိုင်ငံအပေါ် အတင်းအဓမ္မသွတ်သွင်းခြင်းဖြစ်ကြောင်း ဂျပန်က စွပ်စွဲခဲ့သည်။ စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး ပီတာတွမ်ကာက ဂျပန်အန္တာတိတ်ဒေသတွင် ဝေလငါးဖမ်းခြင်းလုပ်ငန်း လိုင်စင်နှင့် ခွင့်ပြုချက် အားလုံးကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက် အသစ်များထုတ်ခြင်းကိုလည်း ရှောင်ရှား ရမည်ဖြစ်ကြောင်း ဖတ်ကြားခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/PgsYu3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...