ထိုင်းသေနတ်သမားများ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူသေဆုံး
အေအက်ဖ်ပီ
ဘန်ကောက်၊ ဧပြီ ၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အင်္ဂါနေ့က အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသူများအား မည်သူမည် ၀ါမှန်း မသိရသော သေနတ်သမားများက ပစ်ခတ်ခဲ့ရာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး သေဆုံးသွား ခဲ့ကာ လေးဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုဖြစ်ရပ်မှာ လွန်ခဲ့သောရက်သတ္တပတ်များအတွင်းတွင် ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် ပထမဆုံးသေဆုံး မှုလည်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စတင်ခဲ့သော ဆန္ဒပြပွဲများအတွင်းတွင် သေဆုံးသူ စုစုပေါင်း ၂၄ ဦးရှိသွားပြီဖြစ်ကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထိုင်းဝန်ကြီးချုပ်ယင်လပ်အား ရာထူးအာဏာမှ ဖြုတ်ချနိုင်ရေးအတွက် ဆန္ဒပြကြခြင်း ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/PhrFeT
Comments
Post a Comment