Skip to main content

အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာပြီးနောက် သံအမတ်ကြီးရာထူးမှနုတ်ထွက် အေအက်ဖ်ပီ ၀ါရှ...



အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာပြီးနောက် သံအမတ်ကြီးရာထူးမှနုတ်ထွက်



အေအက်ဖ်ပီ



ဝါရှင်တန်၊ ဧပြီ ၁



နယူးယောက်မြို့တွင် အိန္ဒိယသံတမန်တစ်ဦးကို ဖမ်းဆီးခဲ့သည့်ဖြစ်ရပ် နောက်ဆက်တွဲအဖြစ် ပုံမှန်အားဖြင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံမှုရှိခဲ့ကြသည့် အမေရိကန်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား အကြီးအကျယ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။



ယခင်က အမေရိကန်နိုင်ငံမှ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းခံထားခံခဲ့ရသူ နာရင်ဒရာမိုဒီအမည်ရှိ ဟိန္ဒူ အမျိုးသားရေးဝါဒီ အတိုက်အခံခေါင်းဆောင် အနိုင်ရလိမ့်မည်ဟု ခန့်မှန်းထားကြသည့် အိန္ဒိယနိုင်ငံ အ ထွေထွေ ရွေးကောက်ပွဲကြီးမတိုင်မီရက်အနည်းငယ်အလိုတွင် ၀ါရင့်သံအမတ်ကြီး နင်စီပါဝဲလ်က ရာထူး မှနုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ပါဝဲလ်သည် ၎င်းနုတ်ထွက်ရသည့်အကြောင်းရင်းနှင့် ပတ် သက်ပြီး အသေးစိတ် မပြောကြားခဲ့သော်လည်း နုတ်ထွက်ရန် သူမ၏ ဆုံးဖြတ်ချက်ကိုအချိန်ယူပြီး အစီ အစဉ်ချမှတ်ခဲ့သည်ဟု အကျဉ်းချုပ် ကြေညာချက်တွင် ဖော်ပြထားသည်။



သူမသည် မေလကုန်တွင် ရာထူးမှ အနားယူမည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် ဒီလ်ဝဲပြည်နယ်တွင် နေထိုင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သူမ၏ အိန္ဒိယသံအမတ်ကြီး ရာထူးသက်တမ်းမှာ နှစ်,နှစ် မပြည့်သေးပေ။ စစ်အေးတိုက်ပွဲများအပြီး အိန္ဒိယနှင့် အမေရိကန် နှစ်နိုင်ငံနွေးထွးသည့်ဆက်ဆံရေးကို ကြိုး မ်းတည်ဆောက်ခဲ့ကြပြီးနောက် နှစ်နိုင်ငံဆက်ဆံ ရေး အဆိုးရွားဆုံးအခြေအနေတွင် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။



၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အိန္ဒိယနိုင်ငံသား သံအမှုထမ်းတစ်ဦး ဖြစ်သည့် ဒီဗျာနီခိုဘရာဂိတ်ဆို သူ အမျိုးသမီးအား နယူးယောက်မြို့တွင် အိမ်ဖော်အား လစာအလုံအလောက်မပေးသည့် စွဲချက်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ အ၀တ်အစားများကိုချွတ်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံ က ဒေါသအမျက်ထွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/PhrIr1

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...