Skip to main content

ယူကရိန်းနယ်စပ်မှ ရုရှတပ်များရုပ်သိမ်း အေအက်ဖ်ပီ ဘာလင်၊ ဧပြီ ၁ ရုရှယူကရိန်း နယ...



ယူကရိန်းနယ်စပ်မှ ရုရှတပ်များရုပ်သိမ်း



အေအက်ဖ်ပီ



ဘာလင်၊ ဧပြီ ၁



ရုရှယူကရိန်း နယ်စပ်ဒေသတစ်ခုမှ ရုရှတပ်များ တစ်စိတ်တစ်ဒေသ ရုပ်သိမ်း ရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးခဲ့ကြောင်း ဗလာဒီမာပူတင်က ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာမာကယ်လ်အား အကြောင်းကြားခဲ့သည်ဟု ဂျာမနီဝန်ကြီးချုပ် ရုံးက ဆိုသည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။



ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းနှင့် ထရန်စ်ဒ်နစ္စတာဒေသရှိ အခြေအနေများ တည်ငြိမ်လာစေ ရန်အတွက် နောက်ထပ်ဖြစ်နိုင်ခြေခြေလှမ်းများလှမ်းရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဂျာမနီ အဓိပတိ အန်ဂျယ်လာမာကယ်လ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဆိုင်းဘာ့ထ်က ကြေညာချက်တစ်စောင်ထဲတွင် ဆိုထားသည်။



ထရန်စ်ဒ်နစ္စတာဒေသမှာ မော်လ်ဒိုဗာ နိုင်ငံမှခွဲထွက်ထားသော ဒေသဖြစ်ပြီး၊ ရုရှဘာသာစကားပြောဆို သူ အများအပြား ရှိသောဒေသ ဖြစ်သည်။“ခေါင်းဆောင်နှစ်ဦးသည် မကြာခဏဆက်သွယ်ရန် သဘော တူခဲ့ကြသည်” ဟုလည်း ကြေညာချက်ထဲတွင် ပါရှိသည်။ ယူကရိန်းနယ်စပ်မှ ရုရှတပ်ရင်းတစ်ရင်းကို ရုပ် သိမ်းခဲ့ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့သော်လည်း တင်းမာမှုများကို လျှော့ချရန်အတွက် ရုရှတပ်များ နောက်ထပ် ရုပ်သိမ်းရန်ရှိမရှိ ရှင်းလင်းစွာ မသိရှိရသေးပေ။



အလယ်ပိုင်းစစ်တိုင်း တပ်မ ၁၅ မှ တပ်ရင်းတစ်ရင်းသည် ယူက ရိန်းနယ်စပ် ကာဒါမော့ဗ်စကီးဒေသတွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားခဲ့ပြီးနောက် ယခုအခါ စမာရာဒေသသို့ ပြန်သွားကြပြီဟု ရုရှကာကွယ်ရေး ၀န်ကြီးဌာနက ရုရှ သတင်းဌာနများကို အကြောင်းကြားခဲ့သည်။ ရုရှနိုင်ငံသည်သောင်းပေါင်းများ စွာသော ရုရှတပ်သားများကို အရှေ့ဘက် ယူကရိန်းနယ်စပ်သို့ ပို့ဆောင်တပ်စွဲစေခဲ့ ကြောင်း ယူကရိန်းနှင့် အမေရိ ကန်နိုင်ငံတို့က စွပ်စွဲထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/PgsUL1

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3