Skip to main content

လက်ထပ်လက်စွပ်ချွတ်သော်လည်း ပိုမိုရင်းနှီးနေဟန်ရှိသည့် ပဲလ်ထရိုတို့ဇနီးမောင်နှံ...



လက်ထပ်လက်စွပ်ချွတ်သော်လည်း ပိုမိုရင်းနှီးနေဟန်ရှိသည့် ပဲလ်ထရိုတို့ဇနီးမောင်နှံ



နယူးယောက်၊ ဧပြီ ၁



ဂိုင်နက်သ်ပဲလ်ထရိုနှင့် ခရစ္စမာတင်တို့ ဇနီးမောင်နှံသည် ၎င်းတို့၏ ၁၀ နှစ်တာ အိမ်ထောင်သက်ကာလကို အဆုံးသတ်ရန် ဆုံးဖြတ်ထားကြောင်း မကြာသေးမီက ကြေညာခဲ့သည်။



ဂိုင်နက်သ်ပဲလ်ထရိုသည် လက်ထပ်လက်စွပ်ကို ချွတ်ထားလိုက်ပြီဖြစ်သော်လည်း ၎င်းနှင့်ခရစ္စမာတင်တို့ သည် ယခင်ကထက်ပင် ပို၍တွဲမိနေဟန်ရှိလေသည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်မတ် ၂၉ ရက် ညနေက ဘာဟစ်မက်ခ်ရှိ Eleuthera ကျွန်းပေါ်တွင် မိတ်ဆွေအပေါင်းအသင်းများနှင့် အတူညစာစားခဲ့ကြသည်။ ညစာစားပွဲတွင် ၎င်းတို့နှစ်ဦးသည် စိတ်လက်ပေါ့ပါးစွာ ရယ်မောပျော်ရွှင်နေကြသည်ကို တွေ့မြင်ရကြောင်း မေးလ်အွန်လိုင်းတွင် ဖော်ပြထားသည်။



သူတို့နှစ်ဦးသည် လမ်းခွဲတော့မည်ဟု ကြေညာပြီးကတည်းက ကလေးနှစ်ဦးနှင့်အတူ ပရိသတ်မျက်ကွယ် တွင် ပုန်းအောင်းနေခဲ့ကြသည်။



“သူတို့တွေ လမ်းခွဲပြီးစ ပုံစံလားဆိုတာကို မြင်တဲ့လူတွေကတော့ ဘယ်တော့မှ မှန်းဆနိုင်မှာမဟုတ်ပါဘူး။ သူတို့ကိုကြည့်ရတာတော့ အဆင်ပြေနေတဲ့ပုံပဲ”ဟု ပဲလ်ထရိုတို့၏ ညစာစားပွဲကို မြင်တွေ့ခဲ့သည့် မျက်မြင် သက်သေတစ်ဦးက The Sun on Sunday သတင်းစာကို ပြောကြားထားသည်။



ညစာစားပွဲတွင် ပဲလ်ထရိုနှင့် ခရစ္စမာတင်တို့သည် ဘေးချင်းယှဉ်လျက်ထိုင်ခဲ့ပြီး ပေါ့ပါးပျော်ရွှင်နေဟန်ရှိ သည်။ ၎င်းတို့နှစ်ဦး လမ်းခွဲရလောက်အောင်မပြေလည်သည့် အသွင်သဏ္ဌာန်မျိုးမရှိပေ။



ပဲလ်ထရိုသည် ၎င်း၏လက်ထပ်လက်စွပ်ကို ချွတ်ထားသည်မှာ သိသာသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ကလေးနှစ်ယောက်မျက်နှာကို ငဲ့ကွက်ရန် ဆုံးဖြတ်ထားသည်မှာလည်း ရှင်းလင်းထင်ရှားနေသည်။



ခရစ္စကို ကြည့်ရသည်မှာ တစ်စုံတစ်ရာ စိတ်အနှောင့်အယှက်ဖြစ်သည့်ဟန်မျိုးမရှိဘဲ ရယ်စရာပြက်လုံးများ စွာကို ပြောလျက်ရှိပြီး ပဲလ်ထရိုက မျက်ရည်များထွက်အောင်ပင် လိုက်လံရယ်မောနေခြင်းဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1ooTJMX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...