Skip to main content

စားသုံးသူသမ၀ါယမအသင်းဥက္ကဋ္ဌကို အသင်းသားများက တရားစွဲမည် အောင်ကိုဦး| ကြာသပတေးနေ့၊...



စားသုံးသူသမ၀ါယမအသင်းဥက္ကဋ္ဌကို အသင်းသားများက တရားစွဲမည်



အောင်ကိုဦး| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်



မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အနှိမ့်တော်ရပ်ကွက်ရှိ အမှတ်(၁)၊ စားသုံးသူသမ၀ါယအသင်းမှ အသင်းသူအသင်းသားများသည် အသင်းပိုင်သ/မမြေ ပြန်လည်ရရှိရေးအတွက် နန်းဦးသမလီမိတက် ဥက္ကဋ္ဌ ဦးကျော်မင်းကို တရားစွဲဆိုမည်။



အဆိုပါ ဥက္ကဋ္ဌသည် အသင်းပိုင်မီးခံသေတ်္တာကို ဖောက်၍စာချုပ်များ၊ အသင်း နှင့် သက်ဆိုင်သောစာရွက် စာတမ်းများနှင့် အသင်းပိုင်ငွေများကို ယူဆောင်ခဲ့သည်ဟု အသင်းသားများအားလုံးကပြောသည်။ ထို့ပြင် အဆိုပါအသင်းပိုင်နေရာကို ဆိုင်ခန်းများငှားရမ်းထားသော်လည်း ၎င်းမှရသော ငွေကြေးအကျိုးအမြတ်ကို ရှင်း လင်းပေးခြင်းမရှိသည့်အပြင် နန်းဦးလွင် သ/မလီမိတက်ကို အသင်းဝင်နာယကများ၊ အဖွဲ့ဝင်များနှင့် အသင်းသားများထံ အသိပေးခြင်းမရှိဘဲ ဖွဲ့စည်းခဲ့သည်။



“ကျွန်တော်တို့ နာယကတွေ အဖွဲ့ဝင်တွေ အသင်းသားတွေကို အသိမပေးဘဲဖွဲ့ခဲ့တယ်။ ပြီးတော့ ဆိုင်ခန်း တွေ ငှားတယ်။ လျှပ်စစ်မီးပေးတယ်။ အဲဒီရတဲ့ငွေတွေလည်း စာရင်းရှင်းတာတစ်ခုမှမရှိတဲ့အပြင် အသင်း ၀င်တွေကိုလည်း အကျိုးအမြတ်ဘာမှမပေးဘူး။ ဒါတွေကိုလည်း ရပ်ကွက်သူ၊ ရပ်ကွက်သားအသင်းဝင်တွေ က မကျေနပ်ကြဘူး”ဟု အသင်းဝင် ဦးအုန်းညွန့်က ပြောသည်။



အဆိုပါ သ/မအသင်းမြေနေရာသည် အသင်းဝင်များမှစုပေါင်း၍ ၁၉၅၂ ခုနှစ် တွင် ၀ယ်ယူခဲ့သည်။ ထိုသို့ ၀ယ်ယူပြီး လုပ်ကိုင်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင်သ/မလုပ်ငန်းများ ရပ်ဆိုင်းခဲ့သောကြောင့် အဆိုပါအဆောက် အအုံမပျက်စီးစေရန် ၀ိုင်းဝန်းထိန်းသိမ်းခဲ့ကြသည်။ ထိုသို့ ထိန်းသိမ်း ထားသော်လည်း ဦးကျော်မင်းမှာ နန်းဦး သ/မလီမိတက်၂၀၀၀၊ပြည့်ခန့်တွင် ဖွဲ့လိုက်ပြီဟုဆို၍ အသင်းသားများပိုင် အဆောက်အအုံကို သော့ဖွင့်၍ မိမိနှင့်ပတ်သက်သူများနှင့် လုပ်ငန်းရှင်တစ်ဦးကို အခကြေးငွေယူ၍ငှားရမ်းထားပြီး မီးခံသေ တ္တာထဲတွင်ထည့်ထားသောအသင်းမှတ်တမ်းများနှင့် မြေပိုင်ဆိုင်ခွင့်များကို ယူဆောင် သွားသည်ဟုဆို သည်။ ထိုသို့ ယူဆောင်ပြီးအသင်းသားများနှင့် နာယကများကို အသိမပေးဘဲ၂၀၁၄ ခုနှစ်တွင် အဆောက် အ အုံဖျက်၍ ရောင်းချခဲ့ခြင်း ဖြစ်သည်။



“နန်းဦးလွင် သ/မဖွဲ့ပြီး ဥက္ကဋ္ဌ လုပ်တယ်။ ပြီးတော့အဆောက်အအုံဖျက်ပြီး ရောင်းတယ်။ ဘာလုပ်မယ် ဆိုတာ အခုချိန်ထိအသိမပေးဘူး။ ဒီနေရာက သူပိုင်မဟုတ်သလို ကျွန်တော်လည်းမပိုင်ဘူး။ ဒါဟာအား လုံးပိုင်တယ်။ တရားမ၀င် သော့ဖျက်ပြီးတော့ အထဲကိုဝင်တယ်။ သူ့သဘောနဲ့သူ လုပ်ခဲ့တယ်။ လက်ရှိအ မှုဆောင်တွေကိုလည်း အသိမပေးဘူး။ ငှားလို့ရတဲ့ ငွေလည်း ဒီနေ့အထိမသိရဘူး။ မီးခံသေတ္တာထဲက ပစ္စည်းတွေယူတာကိုလည်း ဥပဒေအရ တရားစွဲသွားမှာပါ”ဟု အတွင်းရေးမှူး ဦးဋ္ဌေးဋ္ဌေးက ပြောသည်။



အသင်းသားအများစုသည် မြေအဆောက်အအုံပိုင်ဆိုင်ခွင့်အထောက်အထားစာရွက်စာတမ်းများ ပြန်လည် ရယူသွားမည်ဖြစ်သည်ဟုဆိုသည်။ ထိုအသင်းပိုင် အဆောက်အအုံပြန်လည်ရရှိရေးအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ ဇန်န၀ါရီလ ၁ ရက် တင်ပြတိုင်ကြားထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိ သောကြောင့် ဆက်လက်တင်ပြတိုင်ကြားသွားရန် စီစဉ်လျက်ရှိသည်။ ထို့အပြင် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီသို့လည်း အဆောက်အအုံဆောက်ခွင့်မပြုရန် တိုင်ကြားမည်ဖြစ်သည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် အောင်မြေ သာစံမြို့နယ် ၅၈လမ်း၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြားရှိ မင်္ဂလာဥယျာဉ်ဓမ္မာရုံတွင် အသင်းသားများကသတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြု လုပ်ခဲ့သည်ဟုဆိုသည်။ အစည်းအဝေးဆုံးဖြတ်ချက်အရ အမှတ်(၁)၊ ရဲစခန်းသို့ သွားရောက်တိုင်ကြားအမှု စတင်ဖွင့်ပြီး တရားစွဲဆိုနိုင်ရန်လုပ်ဆောင်သွား မည်ဟုဆိုသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1oQLPKv

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3