Skip to main content

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ဆန့်ကျင် ဆန္ဒပြသူမျာ...



ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ဆန့်ကျင် ဆန္ဒပြသူများသည် အဆိုးမြင်ဝါဒီများဟု ဘရာဇီးသမ္မတ ပြောကြား



ဆာပေါ်လို၊ ဇွန် ၁၁



ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ၌ မြို့နေလူတန်းစား အချို့၏ ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြင့်တက်လာသော်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို ဆန့်ကျင် ဆန္ဒပြသူများသည် အဆိုမြင်ဝါဒီများသာ ဖြစ်ကြောင်း ဘရာဇီး မီဒီယာများမှ တစ်ဆင့် ဘရာဇီးသမ္မတ ဒီလ်မာရော့စ်ဆဖ်က ပြောဆိုခဲ့သည်။



“ဖြစ်ပျက်နေတာတွေနဲ့ ကြားနေရတာတွေဟာ စိတ်မချမ်းမြေ့စရာပါ။ ဒါဟာ နိုင်ငံကို အကျပ်အတည်း တစ်ခုဆီ ပို့နေသလိုပါပဲ။ သို့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ အားလုံးအသင့် ဖြစ်နေပါပြီ” ဟု ဘရာဇီးသမ္မတက ဆိုသည်။



သို့သော်လည်း ဆာပေါ်လိုမြို့တွင် ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားနှင့် ရီယိုဒီဂျနီရိုးမြို့တွင် ကျင်းပမည့် ပိတ်ပွဲ အခမ်းအနားများကို မြို့နေ ဆန္ဒပြသမားများက ဆန့်ကျင်ဆန္ဒပြရန် ခြိမ်းခြောက်မှုများ ရှိနေသည်။



ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ရီကာဒိုသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အနေအထားဟု သုံးနှုန်းထားပြီး တာဝန်ရှိသူများအနေနှင့် ကွင်းတွင်း လုံခြုံရေးကို အဓိကထား လုပ်ဆောင်နေကြောင်း ဆိုသည်။



ဘရာဇီးသမ္မတ အနေနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသုံးပြုခဲ့သည့် ဒေါ်လာ ၁၁ ဘီလီယံကို ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အသုံးမပြုခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ပါက နိုင်ငံ၏ ပုံရိပ် တိုးတက်လာမည် ဖြစ်ပြီး လာရောက်သည့် ဧည့်သည်များ၏ အသုံးစရိတ်အတွက် ရရှိမည့် အကျိုးအမြတ်များအပြင် နိုင်ငံသား တစ်ဦးချင်းစီအတွက် ဂုဏ်ယူဖွယ်ရာ ကောင်းသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ငွေကြေး သုံးစွဲမှုများကို ကာကွယ်ပြောဆိုခဲ့သည်။



ထို့အပြင် အားကစားကွင်းများနှင့် အခြေခံအဆောက်အအုံများကို ၂၀၁၀ မှ စကာ ၂၀၁၄ ခုနှစ်အထိ အချိန်များစွာလည်း ရင်းနှီးမြှုပ်နှံခဲ့သဖြင့် တစ်ချိန်တွင် ဘရာဇီးပြည်သူများ အကျိုးများစေမည် ဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။



ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအဖြစ် ဘရာဇီးနှင့် ခရိုအေးရှားတို့ ကစားရမည့် ဆာပေါ်လိုမြို့ရှိ ကိုရီသီယန်ကွင်း အပြင်ဘက်တွင် ဖွင့်ပွဲအတွက် အလုပ်သမားများ ပြင်ဆင်နေသည်။



ယခုအခါတွင် ရဲနှင့် စစ်တပ်တို့ ထောင်ပေါင်းများစွာ တပ်ဖြန့်ထားပြီး ပြိုင်ပွဲ ချောမွေ့စွာ ပြီးစီးရန် ပြင်ဆင်ထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1s7tlZX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...