ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေး ကျောက် ကောက်သူတွေနဲ့ တနိုင်တပိုင် ကျောက်တူး သမားတွေအနေနဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ကျောက်လုပ်ကွက် တွေကနေ ထွက်ခွာဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။
လုံးခင်း၊ ကုဋေမော်၊ လေးအိမ်စု၊ မော်ဆီဇာ၊ ဆိုင်းတောင်၊ ကရင်ချောင်း၊ ဆိတ်မူ အစရှိတဲ့ နေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သတိပေးဆိုင်းဘုတ်တွေ ကပ်ထားပြီး ညွှန်ကြားချက်လိုက်မနာရင် တရားဥပဒေအရ အရေးယူအပြစ်ပေးခံရမယ်လို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ ဖားကန့်ဒေသခံတွေ က ပြောပါတယ်။
ဒီအမိန့်ကြောင့် မြန်မာပြည်အရပ်ရပ်က ရောက်လာတဲ့ ကျောက်တူးသမားတချို့ ပြန်ကုန်ကြပြီး တချို့က အိမ်ပြန်စရိတ်မရှိလို့ မပြန်နိုင်သေးကြောင်း မကွေးတိုင်း ပေါက်မြို့နယ် ငဖဲရွာကနေ ရောက်လာသူ ကိုမောင်ပွင့်က ဒီဗွီဘီကို ပြောပါတယ်။
ဇွန် ၁၃ ရက် နောက်ဆုံးထား ထွက်ခွာရန် ကျောက်တူးသမားများကို အမိန့်ထုတ် - သစ်ထူးလွင် (နေ့စဥ�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1pFDBV0
Comments
Post a Comment