Skip to main content

ဂျီတီစီ ကျောင်းသားကို ကျောင်းထုတ် မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဆို ဖိုးစိုးသူ...



ဂျီတီစီ ကျောင်းသားကို ကျောင်းထုတ် မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဆို



ဖိုးစိုးသူ| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်



ကျောင်းသားလူထု လက်မခံနိုင်သော အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးကန့် ဘလူမြို့ နည်းပညာတက္ကသိုလ် (GTC)မှ ကျောင်းသားခေါင်းဆောင်အား မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသားခေါင်းဆောင်က ပြောသည်။



“မနက်ပိုင်းမှာ ဆန္ဒပြခွင့်သွားတင်တယ်။ ညနေပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သမ၀ါယမဥက္ကဋ္ဌ ရောက်လာပြီး အဖေနဲ့အမေကို ကျွန်တော်က ဆန္ဒပြတယ်ဆိုရင် ကျောင်းက ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုရဲမျိုးဆွေက ဇွန်လ ၁၁ ရက်တွင်ပြောသည်။



အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ဘလူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဖုန်းကို ဆက်သွယ်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားကြောင်း ဖုန်းလက်ခံသူက ဖြေသည်။



အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် ဗဟိုချုပ်ကိုင်မှုစနစ် ပါဝင်နေ၍ လွတ်လပ်သော ပညာရေးစနစ် မရှိနိုင်ခြင်းတို့ကြောင့် ကိုရဲမျိုးဆွေဦးဆောင်သည့် ကျောင်းသားလူငယ်များက ဆန္ဒပြရန် ဇွန်လ ၁၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်တောင်းခြင်းဖြစ်သည်။



“ခွင့်ပြုချက်မရပေမယ့် ကျွန်တော်တို့ ဇွန်လ ၁၅ ရက်မှာ ကျောင်းသားပေါင်း ၁၅၀ နဲ့ ဆန္ဒဖော်ထုတ်သွားမယ်”ဟု ကိုရဲမျိုးဆွေက ပြောသည်။



ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်က“အမျိုးသားပညာရေး ဥပဒေမူကြမ်း ထွက်လာပြီးကတည်းက ကျွန်မတို့အဖွဲ့တွေက ကန့်ကွက်ကြောင်း ကြေညာတယ်။ ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်တယ်။ ကျွန်မတို့မှာ ကျွန်မတို့ ယုံကြည်တဲ့ ပညာရေးစနစ်ကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိရမယ်။ တောင်းဆိုခွင့်ရှိရမယ်” ဟု မဇ္ဈိမကို ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1q68FPZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...