Skip to main content

အချိုးကျ ကိုယ်စားပြု ပီအာရ်စနစ်ကို အမျိုးသားလွှတ်တော် အတည်ပြု အောင်သူရထွန်း| ကြာ...



အချိုးကျ ကိုယ်စားပြု ပီအာရ်စနစ်ကို အမျိုးသားလွှတ်တော် အတည်ပြု



အောင်သူရထွန်း| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်



အချိုးကျကိုယ်စားပြုစနစ် PR ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး သုံးရက်ကြာ အချိန်ပေးဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၁၁၇ ဦး၊ ကန့်ကွက်သူ တပ်မတော်ကိုယ်စားလှယ်များအားလုံး အပါအ၀င် ၈၅ ဦးသာရှိသည့် အတွက် လာမည့်ရွေးကောက်ပွဲများတွင် ယင်းစနစ်ကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်း အဆို အနိုင်ရရှိခဲ့သည်။



“ကော်မရှင်တစ်ရပ်ဖွဲ့စည်း ဆောင်ရွက်ပြီး ဒီကော်မရှင်မှာ ငြင်းကြ၊ ခုန်ကြဦး၊ ကော်မရှင်ရဲ့ အစီရင်ခံစာ တင်ပြီးတော့ ဘယ်နည်းလမ်းနဲ့ လုပ်သင့်လဲ၊ ဒါရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်ပင်ပြီးလုပ်ရမှာ ဖြစ်ပါတယ်”ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။



ယင်းစနစ် ကျင့်သုံးနိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြင်ပမှပညာရှင် သုံးဦးအပါအ၀င် ၄၄ ဦးက လေ့လာသုံးသပ်ပြီး ရေးဆွဲရေးကော်မတီတစ်ခု ဖွဲ့စည်းကာ ဦးဇော်မြင့်ဖေက ဥက္ကဋ္ဌတာဝန် ယူ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ပေးလိုက်သည်။



အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုလျှင် ပြည်သူလူထုကို မဲပေးစနစ်ပညာပေးရန် ခက်ခဲ သကဲ့သို့ နားလည်သဘောပေါက်ရန် အလွန်ခက်ခဲပြီး ရွေးကောက်ပွဲကော်မရှင်၏ ဘတ်ဂျက်ငွေများ၊ လူ နည်းစုတိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ နည်းပါးသွားမည်ကို ထောက်ပြကာ ကန့်ကွက်ဆွေးနွေး ခဲ့ကြသည်။



ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်က “ကျွန်တော့် ပါတီတံဆိပ်က ကျွဲချိုကိုမှတ်ထားလို့ သင်ပေးလိုက်တာ မဲသွားထည့်တဲ့အခါ မဲစာရွက်က မင် တွေများနေတဲ့အတွက် စပါးနှံပုံလေးတွေ့တော့ ငါတို့ကတောင်သူပဲ စပါးနှံကို ခြစ်မယ်ဆိုပြီးခြစ်တယ်။ပြီးတော့မှ အောက်မှာ ကျွန်တော့်အမည်ကို တွေ့တော့ ထပ်ပြီး အမှန်ခြစ်တယ်၊ အဲဒီတော့ ပယ်မဲ ဖြစ်ရော။ ဒီလောက်ရိုးရှင်းတဲ့ လွယ်ကူတဲ့ မဲစနစ်တောင်ပယ်မဲတွေဖြစ်နေတာ။ နောက်ထပ်စနစ်တစ်ခု ပြောင်းမယ်ဆိုတော့ ကျွန်တော့်အနေနဲ့ လုံးဝ(လုံးဝ) ကန့်ကွက်တယ်”ဟု ပြော သည်။



ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အဆိုရှင် ဒေါ်ခင်ဝိုင်းကြည်က “ဒီစနစ်က ပါတီငယ်တွေရော တိုင်းရင်းသားပါတီတွေအတွက်ပါ တကယ်ကောင်းမွန်တဲ့စနစ်ပါ။ နိုင်သူ အကုန်ယူစနစ် (FPTP) က ရှုံးသွားတဲ့ အမတ်လောင်းကို ထောက်ခံတဲ့ ပြည်သူတွေအကျိုး လွှတ်တော်မှာတင်ပြခွင့် ဆုံးရှုံး သွားတဲ့အတွက် ပြည်သူတွေ နစ်နာတယ်”ဟု လွှတ်တော် အပြီးတွင် မီဒီယာများကို ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1qxHvir

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...