Skip to main content

ဖားကန့်ဒေသမှ ကျောက်စိမ်းလုပ်ငန်းများ ဇွန်လ ၁၂ ရက်နေ့ အပြီးဖယ်ရှားရမည် မြစ်ကြီးန...



ဖားကန့်ဒေသမှ ကျောက်စိမ်းလုပ်ငန်းများ ဇွန်လ ၁၂ ရက်နေ့ အပြီးဖယ်ရှားရမည်



မြစ်ကြီးနား၊ ဇွန် ၁၁



ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ရေမဆေး ကျောက်ရှာသူများ အားလုံး ဇွန်လ ၁၂ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမည်ဟု ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှု ကော်မတီက ကြေညာချက် ထုတ်ပြန်ထားကြောင်း ဖားကန့်ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ကြသူများထံမှ စုံစမ်း သိရှိရသည်။



အဆိုပါ ထုတ်ပြန်ချက်တွင် မိုးကာလ ရောက်ပြီဖြစ်၍ ကျောက်စိမ်း ထုတ်လုပ်ခွင့်ရ လုပ်ကွက် ဧရိယာများအတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေ မျှောတိုက်ခြင်း၊ ရေပန်းထိုးခြင်းများကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် လုပ်ကွက် ဧရိယာများတွင် တရားမဝင် နေထိုင်ခြင်းနှင့် ဆောက်လုပ်ထားသော အဆောက်အအုံများကို ဇွန်လ ၁၂ ရက်နေ့တွင် နောက်ဆုံးထား ဖယ်ရှားပေးရမည် ဖြစ်ကြောင်းနှင့် လိုက်နာခြင်း မရှိပါက သတ္တုတွင်း ဝန်ကြီးဌာန ကျောက်မျက် ဥပဒေ၊ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူမည်ဟု ဖော်ပြပါရှိကြောင်း ဖားကန့်ဒေသခံ ကျောက်စိမ်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။



ဖားကန့်ဒေသရှိ နယ်မြေခံ တပ်ကလည်း ဖားကန့်ဒေသ တစ်ဝိုက်တွင် ၁၂ ရက် နောက်ဆုံးထား ထွက်ခွာရမည့် အကြောင်း ကြေညာဆိုင်းဘုတ်များနှင့် ကျောက်စိမ်းလုပ်ကွက် အချို့တွင် ကန့်သတ်နယ်မြေ မကျူးကျော်ရ ဟူသော ဆိုင်းဘုတ်များကို စိုက်ထူထားပြီး အချို့ လုပ်ကွက် ဧရိယာများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း မှော်ဆီဇာ ကျောက်စိမ်းမှော်မှ ကျောက်စိမ်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။



“ကြေညာဆိုင်းဘုတ်တွေ ထူပြီး နောက်တစ်နေ့မှာပဲ မှော်ဆီဇာက ကြိုင်ကြိုင် လုပ်ကွက်မှာ မျှောထိုးနေတဲ့ ရေမဆေး ၁၇ ယောက် အဖမ်းခံရတယ်။ တချို့တွေကလည်း ပြန်ကုန်ပြီး တချို့အောက်ပိုင်းက လာတဲ့သူတွေကျတော့ လမ်းစရိတ်လည်း မရှိ၊ အခက်အခဲ ရှိတော့ ဘာပဲဖြစ်ဖြစ် လာဖမ်းတဲ့အခါကျမှ အဖမ်းခံရရင်လည်း ခံရပါစေ ဆိုပြီး နေတဲ့သူတွေလည်း ရှိတယ်။ ဒီရက်ပိုင်း ညဘက်တွေမှာလည်း ကင်းလှည့်ပြီး လိုက်ဖမ်းနေတယ်” ဟု ၎င်းကဆိုသည်။



ယင်းကဲ့သို့ ရေမဆေး ကျောက်ရှာဖွေသူများ ဖယ်ရှားရန် ထုတ်ပြန်ချက်တွင် အမိန့်အမှတ်၊ ကြေညာစာအမှတ် စသည်များ မပါရှိဘဲ ဒေသတွင်း ကော်မတီတစ်ခုက ထုတ်ပြန်ထားခြင်းသာ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ အစီအစဉ် ဟုတ်ခြင်း၊ မဟုတ်ခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဖားကန့် ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်းရှင်များက ထောက်ပြ ပြောဆိုသည်။



အဆိုပါ ထုတ်ပြန်ချက်သာမက လက်ရှိ ဖားကန့်မြို့၏ ဒေသတွင်း အခြေအနေများကို သိရှိနိုင်ရန် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဆက်မေးမြန်းခဲ့ရာ တစ်ဖက်မှ ဖုန်းလက်ခံဖြေကြားမည့်သူ မရှိသဖြင့် တစ်ဖန် ဖားကန့်မြို့နယ် နယ်မြေခံ ရဲစခန်းမှူးထံ ဆက်သွယ်ရာတွင်လည်း စက်ပိတ်ထားခဲ့သည်။



ဖားကန့်ဒေသတွင် ယခုကဲ့သို့ တစ်နိုင်တစ်ပိုင် ကျောက်စိမ်း လုပ်ငန်းရှင်များနှင့် ရေမဆေး ကျောက်ရှာဖွေသူများအား ဖမ်းဆီးခြင်း၊ နေရပ်ပြန်ပို့ခြင်းများကို မကြာခဏ ပြုလုပ်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ယခင်ကထက် ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာနိုင်ဖွယ်ရာ ရှိပြီး ကျောက်စိမ်းလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေရသော ရွှေ့ပြောင်း လုပ်သားများအတွက်လည်း ပိုမိုခက်ခဲလာနိုင်ကြောင်း ရေမဆေး ကျောက်ရှာဖွေသူများက ပြောကြားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1oWqLjJ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...