ကျောင်းမုန့်ဈေးတန်းများနှင့် ဈေးကွက်အတွင်း၌ ရောင်းချနေသော အစားအသောက်ကိုးမျိုးမှာ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများပါဝင်ပြီး စားသုံးရန် မသင့်သောကြောင့် အများပြည်သူတို့သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၅ ရက်တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။
‘‘လက်ရှိမှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာရှိတဲ့ အစား အသောက်ကြီးကြပ်ရေးအဖွဲ့က နေ အရေးယူတာတွေပြုလုပ်နေပါ တယ်။ အခုလို အသိပေးလိုက်တဲ့ အတွက် စားသုံးသူတွေအနေနဲ့ လည်း ဝယ်ယူအသုံးပြုမှာ မဟုတ် တော့ပါဘူး’’ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန (F-DA)မှ ညွှန်ကြားရေးမှူး ဒေါက် တာဒေါ်ခင်ချစ်က ဆိုသည်။
အစားအသောက်ကိုးမျိုး စားသောက်ရန် မသင့်ကြောင်း ကြေညာ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1jkOUS9
Comments
Post a Comment