Skip to main content

၂၀၁၄ မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorial...



၂၀၁၄ မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



#emg_editorials



တာဝန်ခံမှုများ ပျောက်ဆုံးနေသည့် လူမှုကွန်ရက်



မိုဘိုင်းဖုန်း နည်းပညာများ ပြောင်းလဲတိုးတက် လာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် အင်တာနက်သည် နှစ်အနည်းငယ်အတွင်း လူတိုင်းအတွက် လက်လှမ်းမီလာနိုင်သည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘာ့အရှေ့ဘက်ခြမ်းတွင် နေထိုင်သောသူသည် မိမိနှင့်လက်တစ်ကမ်း အနေအထားတွင် ကမ္ဘာ့အနောက်ဘက်ခြမ်း၌ ဖြစ်ပျက်နေသည့် အရာများကို သိမြင်နိုင်စွမ်း ရှိလာသည်။ အင်တာနက်အသုံးပြုမှု တိုးတက်လာမှုနှင့်ထပ်တူ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာသည့်အရာမှာ လူမှုကွန်ရက်များပင် ဖြစ်သည်။ လူမှုကွန်ရက်များသည် ကမ္ဘာတစ်ဝန်းလုံးက အင်တာနက် အသုံးပြုသူတွေကို ဖမ်းစားနိုင်ခဲ့သလိုပင် မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများကိုလည်း ဖမ်းစားနိုင်ခဲ့သည်။ ယခင်က သတင်းတစ်ပုဒ်ကို သိရှိနိုင်ရန် သတင်းမီဒီယာများကို စောင့်ကြည့်ဖတ်ရှုရန်သာရှိသည်။ ယခုနောက်ပိုင်းတွင်တော့ လူတိုင်းသည် မိမိတို့၏ လူမှုကွန်ရက် အကောင့်များမှတစ်ဆင့် သတင်းများ၊ ထင်မြင်ယူဆချက်များနှင့် အတွေးအခေါ်များကို ထိုင်ရာမထ သိရှိလာနိုင်သည့်၊ ဖြန့်ဖြူးပေးလာနိုင်သည့် အခွင့်အရေးများပင် ရှိလာသည်။



မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် လူမှုကွန်ရက် အသုံးပြုသူဦးရေ သန်းနှင့်ချီ၍ ရှိလာနေပြီဖြစ်သည်။ ပုဂ္ဂလိကဆက်သွယ်ရေး ၀န်ဆောင်မှုများ ရရှိနိုင်တော့မည်ဖြစ်ရာ အွန်လိုင်းအသုံးပြုမှုနှင့် လူမှုကွန်ရက်အသုံးပြုသူများ အရေအတွက်သည် ပိုမိုမြင့်တက် လာတော့မည်ဖြစ်သည်။ ခြုံငုံ၍ပြောဆိုရမည်ဆိုလျှင် လူမှုကွန်ရက်များသည် အချက်အလက်ပေါင်းများစွာကို လူပေါင်းများစွာထံသို့ အရောက်ပို့ပေးနိုင်သော ပျံ့နှံ့မှုအား မြင့်မားသည့် Mass Media အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် လူမှုကွန်ရက်များသည် လူအများအပြားကို အချိန်တိုအတွင်း အလွယ်တကူ စုစည်းနိုင်စွမ်းရှိသည့် အရာတစ်ခုလည်း ဖြစ်လာသည်။ လူမှုကွန်ရက်အသုံးပြု စည်းရုံးလှုံ့ဆော်မှုများ ပြုလာနိုင်သည်ကိုလည်း မြင်တွေ့နိုင်ပေလိမ့်မည်။



အကောင်းနှင့် အဆိုးဆိုသည်မှာ ဒွန်တွဲဖြစ်ပေါ်နေတတ်သည့် အရာများပင်ဖြစ်သည်။ ထို့အတွက် လူမှုကွန်ရက်များ၏ ကောင်းကျိုးများရှိသလို ဆိုးကျိုးများမှာလည်း အများအပြားပင်ဖြစ်သည်။ အထူးသဖြင့် လူထုကြားအလျင်အမြန် ရောက်ရှိသွားနိုင်သော လူမှုကွန်ရက်ကို အသုံးပြု၍ အမုန်းစကားများ၊ ကောလာဟလများ၊ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လာခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အသုံးပြုသူချင်း မြင်တွေ့နိုင်ခြင်း မရှိသည့် အနေအထားကို အခွင့်ကောင်းယူကာ ၀ါဒဖြန့်ချိရေးသက်သက် အသုံးပြုလာ ကြခြင်းပင်ဖြစ်သည်။ လူမှုကွန်ရက်များကို ပျံ့နှံ့အားကောင်းသည့် မီဒီယာများအဖြစ် တင်စားကြသော်လည်း ဂုဏ်သိက္ခာရှိသော သတင်းမီဒီယာများနှင့် ကွာခြားနေမှုမှာ မိမိရေးသားချက်များအပေါ် တာဝန်ခံနိုင်မှု၊ တာဝန်ယူနိုင်မှု အနေအထားတွင်ဖြစ်သည်။



လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နောက်တွင် တစ်ဆက်တည်း လိုက်ပါလာရမည့် အချက်မှာ မိမိပြောဆိုချက်များ၊ ရေးသားချက်များအတွက် တာဝန်ခံနိုင်မှုပင်ဖြစ်သည်။ လွတ်လပ်မှုနှင့် တာဝန်ခံနိုင်မှုသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည်။ နိုင်ငံတကာတွင်လည်း လူမှုကွန်ရက်များပေါ်မှ စည်းလွတ်ဝါးလွတ် ပြောဆိုရေးသားမှုများအတွက် အရေးယူမှုများ ရှိနေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။ သိပ်မကြာမီ အချိန်အတွင်း မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့အရေးယူမှုများ ရှိလာနိုင်တော့မည် ဖြစ်သည့်အတွက် လူမှုကွန်ရက်များကို အသုံးချကာ ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ၊ ကောလာဟလများ၊ အမုန်းစကားများ ဖြန့်ချိနေသူများ အနေဖြင့် တရားဥပဒေအရ အရေးယူမှုမှ ကင်းလွတ်ခွင့်ရနိုင်တော့မည် မဟုတ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1iRiAQT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...