Skip to main content

နေပြည်တော်လမ်း အမြန်လမ်းအင်္ဂါရပ်နှင့်မညီဟု ၀န်ခံ ၀င်းကိုကိုလတ်၊ အောင်သူရထွန်း|ေ...



နေပြည်တော်လမ်း အမြန်လမ်းအင်္ဂါရပ်နှင့်မညီဟု ၀န်ခံ



ဝင်းကိုကိုလတ်၊ အောင်သူရထွန်း| သောကြာနေ့၊ မေလ ၁၆ ရက် ၂၀၁၄ ခုနှစ်



ကျပ်သန်းပေါင်း ကိုးသိန်းကျော်ကုန်ကျခဲ့သည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးသည် အမြန်လမ်းအင်္ဂါရပ်နှင့် မပြည့်စုံသေးကြောင်း အစိုးရတာဝန်ရှိသူများက မေလ ၁၅ ရက်တွင် ၀န်ခံလိုက်သည်။



တစ်မိုင်လျှင် ကျပ် ၂ ဒသမ ၅ ဘီလီယံ (သန်းပေါင်း ၂,၅၀၀) ကုန်ကျခဲ့ပြီး အရှည် ၃၆၆ မိုင်ရှိသည့် အဆိုပါလမ်းမကြီးသည် ရှစ်လမ်းသွားအထိ ဖောက်လုပ်ပြီးစီးမှသာ အမြန်လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံမည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။



“နိုင်ငံတကာ အမြန်လမ်းမကြီးတွေနဲ့ နှိုင်းယှဉ်ရင် အမြန်လမ်းအင်္ဂါရပ် ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြည်စုံပါသေးတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က ဆိုသည်။



နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် မေလ ၁၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက

အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။



ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေးကလည်း အမြန်လမ်းမကြီးကို ဘဏ္ဍာရေးအကန့်အသတ်၊ နည်းပညာအကန့်အသတ်များရှိခဲ့သော်လည်း မဖြစ်မနေလိုအပ်သည်ဟု ယူဆလျက် ယခင်တပ်မတော်အစိုးရက

ဖောက်လုပ်ခဲ့သည်ဟု ဆိုသည်။



“လမ်းအရည်အသွေး မပြည့်မီသေးဘူး၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူး၊ ဒီဇိုင်းမှားတယ် စသည်အားဖြင့် ဝေဖန်မှုတွေ တော်တော်များပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းတွေအရ ယာဉ်မတော်တဆမှုတွေရဲ့ ၁ ဒသမ ၁၆ ရာခိုင်နှုန်းဟာ လမ်းကြောင့်ပဲလို့ ဖော်ပြထားပါတယ်”ဟု ၀န်ကြီးဦးသန်းဌေးက ကာကွယ် ပြောဆိုသည်။



သို့သော် လမ်းမကြီးသည် အမြန်လမ်းဟုပင် မခေါ်ဆိုနိုင်သေးပဲ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များရှိသည်ကို

ဝန်ခံလိုသည်ဟု ၎င်းက ပြောသည်။



အမြန်လမ်းရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ယာဉ်မတော်တဆမှုများသည် လူကြောင့် ၆၃ ရာခိုင်နှုန်း၊ ကားကြောင့် ၂၃ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် သုည ဒသမ ၄ ရာခိုင်နှုန်းနှင့် လမ်းကြောင့် ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။



အစိုးရက အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရန် မေလ ၁၂ ရက်က လူ ၁၄ ဦး သေဆုံးခဲ့သည့် ရာဇာမင်းကားတိမ်းမှောက်မှုအပြီးတွင် ဆုံးဖြတ်ထားပြီး US Aid ကလည်း အကူအညီများပေးအပ်ထားသည်။ ဂျပန်နိုင်ငံအကူအညီဖြင့် လမ်းမကြီးကို စမ်းသပ်ရာတွင် ၇၅ ရာခိုင်နှုန်းကောင်းမွန်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုသည်။



“ပြီးခဲ့တဲ့နှစ်က ချက်ချင်းပြင်ဖို့လိုတဲ့ ခြောက်ရာခိုင်နှုန်းကို ပြင်ဆင်ခဲ့ပါတယ်။ ကျန်တဲ့ ၁၉ ရာခိုင်နှုန်းကို ဒီနှစ်ထဲမှာ ပြုပြင်နေပါတယ်”ဟု ၎င်းက ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1lmZ4P3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...