Skip to main content

KIO နှင့် NCCT တို့ ကချင်လူထုနှင့် မြစ်ကြီးနားမြို့ မနောကွင်း၌ တွေ့ဆုံ ကချင်ပြ...



KIO နှင့် NCCT တို့ ကချင်လူထုနှင့် မြစ်ကြီးနားမြို့ မနောကွင်း၌ တွေ့ဆုံ



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် ကချင်လူထုနှင့် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် NCCT ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး တစ်နိုင်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို ချပြခဲ့သည်။



ယင်းတွေ့ဆုံပွဲသို့ ကချင်လူထု နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပြီး ဖယ်ဒရယ်အရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နှင့်နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့သည်။



ယင်းဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်က သန်းခေါင်စာရင်းကိစ္စအား ကချင်လူထုကြားတွင် အငြင်းပွားတွေဝေမှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိမှာ ဝန်ကြီးဦးခင်ရီနှင့် သီးခြားတွေ့ဆုံပြီး မျိုးနွယ်စုအရေးနှင့် တိုင်းရင်းသားအရေးကို ဆွေးနွေးခဲ့ကြောင်း ကချင်မျိုးနွယ်စုများ ပေါင်းလိုက်ပါက ကချင်စာရင်းအောက်တွင်သာ ရောက်ရှိသွားမည်ဖြစ်သည့်အတွက် စိတ်ပူစရာအကြောင်း မရှိကြောင်း ပထမဆုံး ပြောကြားခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ဂွမ်မော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး “ယနေ့ ကျွန်တော်တို့ ကေအိုင်အိုအနေနဲ့ စိတ်ခံစားမှုကိုပြောတာထက် လုပ်သင့်လုပ်ထိုက်တာကို ရှေ့တန်းတင်ပြီး ပြောဆိုတာထက် လုပ်သင့်လုပ်ထိုက်တာကိုပဲ ညှိညှိင်းနှိုင်းနှိုင်း လုပ်ရမယ်။ တိုင်းရင်းသားတွေအားလုံး စုပေါင်းလုပ်ဆောင်နေလို့ ကိုယ်ဖြစ်ချင်တာပဲ ဦးစားပေးလို့မရပါဘူး။ ကျွန်တော်တို့ တစ်နိုင်လုံးအပစ်ရပ်ဖို့ ကြိုးစားနေလို့ ကုလသမဂ္ဂအဖွဲ့တွေ၊ ဥရောပအဖွဲ့တွေက ကူညီနေကြတာပါ။ ကချင်တွေကို တခြားအကြောင်းကြောင့် ထောက်ပံ့နေတာလို့ မမှတ်ယူသင့်ကြောင်း ပြောလိုပါတယ်။ ကချင်ကို ကမ္ဘာက ကူညီနေပြီလို့ တလွဲမမှတ်ကြပါနဲ့။



ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းက ဘုရားသခင်ကို တိုင်တည်ပြီး သွားနေရပါတယ်။ ကိုယ့် ကိုယ်ကိုယ်မှန်ဖို့ လိုတယ်။မုသားဆိုတာ ခဏပဲသုံးလို့ရပါတယ်။ ကချင်တွေ ငြိမ်းချမ်းရေးမလိုချင်ဘူး။ စစ်သွေးကြွတယ်လို့ အပြင်မှာပြောကြပါတယ်။တစ်ပြည်လုံး အပစ်ရပ်ဖို့ ကြိုးစားနေပါတယ်။လာမယ့် မေလဆွေးနွေးပွဲမှာ လက်မှတ်ထိုးဖြစ်အောင်ထိုးဖို့ တစ်လစောင့်ရ စောင့်ရ ညှိနှိုင်းကြဖို့ပြောပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်မှာ မိဘပြည်သူများ ပါဖို့လိုပါတယ်” ဟုပြောကြားသည်။



ယင်းနောက် ဗိုလ်ချုပ်ဂွမ်မော်သည် အပစ်ရပ်စဲရေးနှင့် အပစ်ရပ်စဲပြီးပါက နိုင်ငံရေးဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ရန် ကြိုးစားနေကြောင်း၊ အစိုးရအနေဖြင့် ကရင်လက်နက်ကိုင်အဖွဲ့သည် ကရင်ကို ကိုယ်စားမပြု၊ ကချင်လက်နက်ကိုင်သည် ကချင်ကို ကိုယ်စားမပြုဟု ယူဆနေပြီး မိမိ အမေရိကန်ရောက်စဉ် မိမိတို့အဖွဲ့အပေါ် မေးမြန်းမှုအား တိုင်းရင်းသားကိစ္စရပ်များကို လုပ်ဆောင်နေသည့်အဖွဲ့ဟု ထင်မြင်ကြောင်းကို ကြားသိရကြောင်း လူထုအား ပြောကြားသည်။



NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က “ကျွန်တော်တို့ လက်ရှိအခြေအနေက လက်နက်ကိုင်မှ နိုင်ငံရေးစကားပြောခွင့်ရသလို ဖြစ်နေတယ်။ လက်နက်မရှိရင် နိုင်ငံရေးလုပ်လို့မရဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်နေတယ်။ ခေတ်တစ်လျှောက်လုံး လက်နက်အပ်ဖို့ချည်း ပြောနေတယ်။ စစ်အစိုးရနဲ့တွေ့တော့လည်း စစ်အစိုးရပါ လူထုကရွေးချယ်ထားတာ မဟုတ်တော့ လူထုအစိုးရတက်လာမှ ဆွေးနွေးပါဆိုလို့ ယခုလိုအဆင့်ပဲ ဖြစ်လာပါတယ်။

အပစ်ရပ်တာကို တစ်ဖွဲ့ချင်းစီ လက်ခံပေမယ့် နိုင်ငံရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး တိုင်းရင်းသားတွေပါဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။ တရားဝင် သုံးကြိမ်ဆွေးနွေးခဲ့ပြီး အချက် (၆) ချက်မှာ နောက် (၂) ချက်က တည်ဆဲဥပဒေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ကို လက်ခံဖို့ကတော့ ပြင်ဖို့မလွယ်တဲ့ကိစ္စတွေက သဘောတူဖို့မလွယ်လို့ ဆက်လက်ဆောင်ရွက်နေဆဲ ရှိပါသေးတယ်”ဟု ဆို သည်။



ယင်းတွေ့ဆုံမှုတွင် လူထုမှ ကချင်အရေးကိစ္စများ၊ အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များ၊ ဖက်ဒရယ်မူဘောင်ကိစ္စများ၊ ကျောင်းသားတပ်မတော်ကိစ္စရပ်များကို မေးမြန်းခဲ့ပြီး ဗိုလ်ချုပ်ဂွမ်မော်၊ ဆလိုင်းလျန်မှုန်ဆာခေါင်း၊ ဖဒိုစောကွယ်ထူးဝင်း၊ ဦးခွန်ဥက္ကာ၊ ကျောင်းသားတပ်မတော်မှ ဦးသံခဲတို့က ဖြေကြားခဲ့သည်။



(မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပသည့် တွေ့ဆုံပွဲသို့ လာရောက်ခဲ့ကြသူများကို တွေ့ရစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/1nQoXeV

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...