Skip to main content

ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု များကြောင့် လူ ၂၀ ကျော်သေဆုံး ဟနွိုင်း၊ေ...



ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု များကြောင့် လူ ၂၀ ကျော်သေဆုံး



ဟနွိုင်း၊ မေ ၁၅



တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ စက်မှုဇုန်တွင် တရုတ်စက်ရုံများကို မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယခုအခါ ဗီယက်နမ် အလယ်ပိုင်းရှိ သံမဏိစက်ရုံကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂၀ ကျော် သေဆုံးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။



ဗီယက်နမ်အလယ်ပိုင်း ဟာတင်း ပြည်နယ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများက တရုတ်လူမျိုး ပိုင်သည့် စက်ရုံဟုယူဆသည့် သံမဏိစက်ရုံကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဟာတင်း ပြည်နယ်ဆေးရုံသို့ လူနာ ၁၀၀ ခန့် တင်ပို့ကုသခံရပြီး အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း လူနာများ ထပ်မံရောက်ရှိလာကြောင်း ဆေးရုံတာဝန်ကျ ဆရာဝန်တစ်ဦးက ရိုက်တာ သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောကြားသည်။



ဗီယက်နမ်တို့၏ ဆန္ဒပြတိုက်ခိုက်မှု များကြောင့် ဗီယက်နမ်ရှိ တရုတ်လူမျိုးများမှာ ဗီယက်နမ်မှ လေယာဉ်ဖြင့် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးလျက် ရှိသည်။



ဗီယက်နမ် ဆန္ဒပြသူများ ဖျက်ဆီးခဲ့သည့် ဟာတင်းပြည်နယ်ရှိ သံမဏိစက်ရုံသည် အမှန်တကယ်တွင် လက်ရှိ ဗီယက်နမ်နှင့် ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသော တရုတ်ပြည်မကြီးမှ ပိုင်ဆိုင်ခြင်း မဟုတ်ဘဲ ထိုင်ဝမ်ရှိ ဖော်မိုဆာ ပလတ်စတတ် လုပ်ငန်းစု ကုမ္ပဏီမှ ပိုင်ဆိုင်သော စက်ရုံဖြစ်သည်။



အဆိုပါ သံမဏိစက်ရုံမှာ ၂၀၂၀ ပြည့်နှစ်တွင် ဆောက်လုပ် ပြီးစီးမည် ဖြစ်ပြီး ဆောက်လုပ် ပြီးစီးပါက အရှေ့တောင် အာရှတွင် အကြီးဆုံး သံမဏိစက်ရုံ ဖြစ်လာမည်ဖြစ်ကာ စက်ရုံမှာ ဆိပ်ကမ်းတစ်ခုနှင့် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂၁၅၀ ထွက်မည့် ဓာတ်အားပေး စက်ရုံလည်း ပါရှိမည် ဖြစ်သည်။



အဆိုပါ သံမဏိစက်ရုံမှာ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ဗီယက်နမ် မီဒီယာများတွင် ဖော်ပြကြသည်။



တောင်တရုတ် ပင်လယ်တွင်းရှိ ပိုင်နက် အငြင်းပွားနေသော ပါဆယ်ကျွန်းအနီးတွင် တရုတ်က ရေနံတူးဖော်ရန် ကြိုးပမ်းခဲ့ပြီးနောက် ဗီယက်နမ်နှင့် တရုတ်အကြား တင်းမာမှုမှာ အလွန်ပြင်းထန် လာခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။



ထို့ပြင် အင်္ဂါနေ့က ဗီယက်နမ် တောင်ပိုင်း ဘင်ဒေါင်းနှင့် ဒေါင်နိုင် ပြည်နယ်များရှိ စက်မှုဇုန် များတွင်လည်း တရုတ်လူမျိုးပိုင် စက်ရုံများကို ဗီယက်နမ် ဆန္ဒပြသူများက မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။



ယင်းသို့ မီးရှို့ဖျက်ဆီးသည့် ဆန္ဒပြမှုကြောင့် ဘင်ဒေါင်းပြည်နယ် တစ်ခုတည်းတွင်ပင် ကုမ္ပဏီ ၄၆၀ က ၎င်းတို့၏ စက်ရုံ ထိခိုက်ပျက်စီး ခဲ့ရကြောင်း တိုင်ကြားခဲ့သည်ဟု ဗီယက်နမ် ရဲတပ်ဖွဲ့က ပြောကြားကြောင်း ဗီယက်နမ် သတင်းစာများတွင် ဖော်ပြထားသည်။



ထို့ပြင် အကြမ်းဖက် ဆန္ဒပြသူများ၏ ကျောက်ခဲ၊ အုတ်ခဲများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် ဒဏ်ရာရရှိသွားကြောင်း ဗီယက်နမ် အစိုးရပိုင် သတင်းစာ Thanh Nien တွင် ဖော်ပြထားသည်။



ဆန္ဒပြသူများကို သွေးထိုးမြှောက်ပင့်မှုနှင့် ဆူပူဆန္ဒပြနေစဉ် ခိုးဆိုး လုယက်မှုကြောင့် လူ ၆၀၀ ခန့်ကိုလည်း ဖမ်းဆီးထားကြောင်း ဘင်ဒေါင်းပြည်နယ် ရဲချုပ် ဗိုသန်ဒက်၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ သတင်းစာက ဖော်ပြသည်။







from The Voice Weekly's Facebook Wall http://ift.tt/1qHnFoH

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...