Skip to main content

ပြုပြင် ပြောင်းလဲမှုများ လုပ်နေသော်လည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသောအချို့ပိတ်...



ပြုပြင် ပြောင်းလဲမှုများ လုပ်နေသော်လည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသောအချို့ပိတ်ဆို့မှုများကို အိုဘားမားသက်တမ်းတိုး



ဝါရှင်တန် (ရိုက်တာ) မေ ၁၆



ယခင် ဘားမားဟု အမည်တွင်ခဲ့သော မြန်မာနိုင်ငံတွင် ပြုပြင်

ပြောင်းလဲမှုများ တိုးတက်နေသည့်တိုင်အောင် အဆင့်တစ်ခု

အနေဖြင့်လိုအပ်သောကြောင့်ဟု အမေရိကန်သမ္မတ အိုဘားမားက ကွန်ဂရက်တွင် ပြောဆိုပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားပိတ်ဆို့မှု အချို့ကို ကြာသပတေးနေ့က တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်လိုက်ကြောင်း Chicago Tribune မှ သိရသည်။



အမျိုးသား အရေးပေါ်အက်ဥပဒေဆိုသည့် _

National Emergencies Act ကို တစ်နှစ်ထပ်မံ သက်တိုးလိုက်သည်ဟု ကွန်ဂရက်ခေါင်းဆောင်များထံ သမ္မတအိုဘားမားက အသိပေးလိုက်သည်။ ၄င်း ဥပဒေ၌ အမေရိကန် နိုင်ငံသားများနှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအား ၁၉၉ဝ နှစ်လယ်များက ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ပါဝင်ခဲ့သော မြန်မာခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်း အတူတကွ ရင်းနှီးမြှပ်နှံမှု မလုပ်ရန် တားမြစ်ထားသည်။



နိုင်ငံရေးအကျဉ်းသား ၁၁ဝဝကျော်ကို လွှတ်ပေးခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆဲနိုင်ရန် လုပ်ဆောင်ရာတွင် တိုးတက်မှုရှိခြင်း၊ သမဂ္ဂများကို တရားဝင် ထူထောင်ခွင့်ပေးခြင်း နှင့် မြန်မာ့အလုပ်သမားများ အဆင့်အတန်း မြင့်မားအောင် စတင်လုပ်ဆောင်နေခြင်းကဲ့သို့ အရေးကြီးကဏ္ဍများတွင် တိုးတက်အောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ၂ဝ၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သော အိုဘားမားက ပြောဆိုခဲ့သည်။



ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းအားထုတ်မှုများတွင် မြန်မာနိုင်ငံသည် ကြီးမားသည့် ခြေလှမ်းများ လှမ်းနေသော်လည်း နိုင်ငံတွင်း အခြေအနေများသည် မေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး ပေါ်လစီနှင့် အမျိုးသား လုံခြုံရေးအပေါ် ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများ

ဖြစ်စေနိုင်သည့် အနေအထားတွင် ဆက်လက်တည်ရှိနေသည်ဟု အိုဘားမားက ဆိုသည်။



မြန်မာနိုင်ငံ၏ နိုင်ငံရေး ပွင့်လင်းမှုမှာ ကနဦး တက်သစ်စ အခြေအနေတွင် ရှိပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး လုပ်ဆောင်မှုများတွင် တပ်မတော်မှ ဆက်လက်တည်ရှိနေမှုနှင့် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပဋိပက္ခများနှင့် ပတ်သက်၍ စိုးရိမ်နေရဆဲ ဖြစ်သည်ဟု အိုဘားမားက ဆက်လက် ပြောကြားသည်။



မြန်မာ့စစ်ခေါင်းဆောင်များ၊ ၄င်းတို့၏ စီးပွားဖက်များနှင့် မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုသို့ ၁၉၉၆ခုနှစ်က စတင်၍ ပိတ်ထားခြင်းကို အိုဘားမားက မနှစ်က ဖွင့်လှစ်ပေးခဲ့သည်။



အခြားတိုင်းရင်းသားများနှင့် မူဆလင် ဘာသာဝင်များအပေါ် အကြမ်းဖက်မှုအခြေအနေများ၊ ရခိုင်ဒေသတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသော လူသားဆိုင်ရာ အခြေအနေများအပါအဝင် သိသာထင်ရှားသော စိန်ခေါ်မှုများ မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိနေသည်ဟု အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ကောင်စီမှ ပြောဆိုခွင့်ရှိသူ ပက်ထရစ် ဗင်ထရယ်က ပြောဆိုထားသည်။



အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့မှုများကို ကျယ်ပြန့်စွာ ဖြေလျှော့ပေးနေသည့်တိုင် ပြုပြင်ပြောင်းလဲမှုများကို နောက်ပြန်ဆွဲခြင်းမှ ကာကွယ်ရန်နှင့် ဆိုးရွားသူများကို ပိတ်ဆို့ရန် လိုသော လိုက်လျှောညီထွေမှုကို ဆက်လက်ထိန်းသိမ်းထားရန် သမ္မတ အိုဘားမားက ပိတ်ဆို့မှု သက်တမ်း တစ်နှစ် ထပ်တိုးလိုက်သည်ဟု ပက်ထရစ် ဗင်ထရယ်က ဆိုသည်။



Chicago Tribune ပါ Obama extends some sanctions against Myanmar despite reforms ကို ပြန်ဆိုသည်။







from Popular Myanmar News Journal's Facebook Wall http://ift.tt/RXB9x4

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3