အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။
မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1jkORFX
Comments
Post a Comment