Skip to main content

ဒေါ်လာ တစ်ဘီလျံနီးပါး အကုန်အကျခံ ဖောက်လုပ်ခဲ့သည့် အမြန်လမ်းမကြီးသည် အမြန်လမ်းအင်္ဂါ...



ဒေါ်လာ တစ်ဘီလျံနီးပါး အကုန်အကျခံ ဖောက်လုပ်ခဲ့သည့် အမြန်လမ်းမကြီးသည် အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်ခြင်းမရှိသေးဘဲ အရည်အသွေးပိုင်း လိုအပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၀န်ခံပြောကြား



ဒေါ်လာ တစ်ဘီလျံနီးပါးအကုန်အကျခံ ဖောက်လုပ်ခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းသည် အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသေးဘဲ အရည်အသွေးပိုင်းဆိုင်ရာများ လိုအပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က မေ ၁၅ ရက်တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။



“အမြန်လမ်းဆိုတာကတော့ ရှစ်လမ်းသွားမှ အမြန်လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံမှာပါ။ အခုဟာက လမ်းဖွင့်လိုက်ပေမယ့် လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံခြင်း မရှိသေးပါဘူး။ မော်တော်ယာဉ်တွေ သွားလာနိုင်ဖို့ ဖွင့်လှစ်ခဲ့တာပါ။အမြန်လမ်းအင်္ဂါရပ်နဲ့ ညီညွတ်ဖို့ ဆက်လက်ဆောင်ရွက်ဆဲပါ”ဟု ဒုတိယဝန်ကြီးဦးစိုးတင့်က ပြောကြားသည်။



အမြန်လမ်းဖောက်လုပ်ရာတွင် ကွန်ကရစ်လမ်းတစ်မိုင်အတွက် မြေသားလုပ်ငန်းဆောင်ရွက်ခြင်းများ အပါအဝင် လမ်းတစ်မိုင်အတွက် ၂ ဒသမ ၅ ဘီလျံ ကျပ်ကုန်ကျကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့ရာ ၃၆၆ မိုင် ၃ ဖာလုံအတွက် ဆိုပါက ကျပ်ဘီလျံ ၉ဝဝ ကျော် (အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး)အထိ ကုန်ကျခဲ့ခြင်း ဖြစ်သည်။



ရန်ကုန်-မန္တလေးအမြန်လမ်း ဖွင့်ခဲ့သည် မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သည့်အတွက် ကွန်ကရစ်လမ်း မြေသားနိမ့်ကျမှုများရှိလာကြောင်း၊ နိမ့်ကျသည့်နေရာများအား ကတ္တရာခင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အမြန်လမ်းမကြီးတလျှောက်တွင် မိုင် ၄ဝ ခန့် ကတ္တရာခင်းပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။



အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ရှစ်လမ်းသွားအထိ တိုးချဲ့ဖောက်လုပ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဖောက်လုပ်ရန်အတွက် ပြည်ပနိုင်ငံများသို့ အကူအညီများ တောင်းခံထားကြောင်း၊ အချို့အကူအညီများ ရရှိနေပြီဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် ငွေကြေးကူညီမှုများပေးရန် ကမ်းလှမ်းထားမှုများရှိကြောင်း၊ အမေရိကန်နိုင်ငံကလည်း နည်းပညာဆိုင်ရာ အကူအညီပေးရန်ရှိကြောင်း၊ ရန်ကုန်မြို့တွင် သင်တန်းဖွင့်လှစ်ပေးရန်ရှိပြီး အမြန်လမ်းပေါ်တွင် လက်တွေ့သင်ကြားမှုများ ပြုလုပ်သွားရန်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။



ရှစ်လမ်းသွား လမ်းမအဖြစ် တိုးချဲ့မည့်အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုကို ဒုတိယဝန်ကြီးက ရှစ်လမ်းသွားလမ်းအတွက် စီစဉ်နေဆဲဖြစ်ကြောင်း၊ အတိအကျတော့ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် အမြန်လမ်းမကြီး မဟုတ်သေးကြောင်း၊ အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။



ကွန်ကရစ်လမ်းကြောင့် ကားတာယာများမခံနိုင်ဘဲ တာယာပွင့်မှုများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ကွန်ကရစ်လမ်းသည် မျက်နှာပြင် ကြမ်းတမ်းသည့်အတွက် တာယာများအား စားသည့်အတွက် တာယာများပါးသည်ကို သိရှိကြောင်း၊ နိုင်လွန်ကတ္တရာမှာ မျက်နှာပြင်ချောမွေ့သည့်အတွက် တာယာစားမှု သက်သာကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆိုသည်။



၂ဝ၁၃ ခုနှစ်အတွင်းတွင် အမြန်လမ်းမကြီးတစ်လျှောက်တွင်လူကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ လမ်းကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ဝ ဒသမ ၄ ရာခိုင်နှုန်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



အမြန်လမ်းမကြီးတွင် ယခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၄ ရက်အထိ ယာဉ်မတော်တဆမှု ၁၈၆ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ ဆိုင်ကယ်များနှင့် ထိခိုက်မိခြင်းများ စသည်ဖြင့် ဖြစ်ပွားခဲ့ကြောင်းနှင့် မတော်တဆမှုဖြစ်စဉ်များမှာ များပြားလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။



ဒုတိယဝန်ကြီး ဦးစိုးတင့်က “ဒီလမ်းတစ်လျှောက်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်းဘုတ်တွေကို ထူထောင်ထားပါတယ်။ လမ်းအမှတ်အသားတွေကို ဒီထက်ပိုများအောင် ဆောင်ရွက်နေပါတယ်။ မိုင်နှုန်းပြ ကိရိယာတွေ၊ အချက်ပြဆိုင်းဘုတ်တွေကို ထပ်မံထူထောင်ဖို့လည်း ရှိပါတယ်” ဟု ပြော ကြားခဲ့သည်။



ရန်ကုန်မှ မန္တလေးသို့ ရှစ်နာရီခန့်ဖြင့် ရောက်ရှိရန် ရည်မှန်းဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အချို့မော်တော်ယာဉ်များသည် ၇ နာရီခန့်ဖြင့် အရောက်မောင်းနေကြောင်း၊ တစ်နာရီ ကီလို ၁ဝဝ သတ်မှတ်ထားသော်လည်း သတ်မှတ်မိုင်ကို ကျော်လွန်မောင်းနှင်သည့်အတွက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားကြောင်း၊ ယာဉ်မောင်းနှင်သူများ သတိပြုရန်လိုကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။



နိုင်ငံတကာစံနှုန်းများအရ ၈ လမ်းသွားလမ်းဖြစ်မှသာ အမြန်လမ်းအဆင့် ရောက်မည် ဖြစ်ကြောင်း၊ လမ်းဒီဇိုင်း မှားယွင်းမှုမရှိကြောင်း၊ လမ်းအကွေ့ဖြစ်ပါက ပြေပြစ်စွာကွေ့နိုင်ရန် စောင်းထားပေးရကြောင်း ကိုရီယား၊ တရုတ်နိုင်ငံများမှ ပညာရှင်များနှင့် တိုင်းတာမှုများ ပြုလုပ်ထားကြောင်း ဦးစိုးတင့်က ဆိုသည်။



ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “ဒီလမ်းမကြီးဖောက်လုပ်တုန်းက ဘဏ္ဍာရေးအကန့်အသတ်တွေ၊ နည်းပညာအကန့်အသတ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မဖြစ်မနေလိုအပ်လို့ လုပ်ခဲ့တယ်လို့ ယူဆပါတယ်။

လမ်းပိုင်းအရည်အသွေး လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ဝန်ခံပါတယ်။ သို့သော်လည်း ခေတ်ကပြောင်းသွားပြီ။ ဒီလမ်းမကြီးပျက်နေတယ်။ ပိုက်ဆံတွေပုံပြီး သုံးလိုက်လို့ လုပ်လို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ကျွန်တော်တို့ အလုပ်တစ်ခုလုပ်ဖို့ ဒီခေတ်အရ အဆင့်ဆင့် ဘဏ္ဍာငွေရဖို့ အများကြီးကြိုးစားရပါတယ်။ အဲလိုသုံးလို့ရမယ်ဆိုရင် လမ်းရဲ့အရည်အသွေး တိုးတက်လာမှာပါ။ အဲဒီလို တိုးတက်မလာခင် ကျွန်တော်တို့လမ်းမကြီးဟာ အခုပြောနေသလို တော်တော်များ ချို့ယွင်းအားနည်းချက်တွေရှိသလားလို့ ကျွန်တော်တို့ ကိုယ့် ကိုယ်ကိုယ် မညှာစတမ်း သုံးသပ်ကြည့်လိုက်ပါ” ဟု ပြောကြားသည်။



နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ၂ဝ၁၃ ခုနှစ် မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းမကြီးမှာဖြစ်ပေါ်နေတဲ့ အန္တရာယ်များနှင့် ပတ်သက်သည့် အယ်ဒီတာ့အာဘော်အပေါ် ထိုစဉ်က ၎င်း၏ Facebook စာမျက်နှာပေါ်မှတစ်ဆင့် အခြား Facebook သုံးစွဲသူများ နှင့် အပြန်အလှန်ပြောကြားခဲ့ရာတွင် “ရိုးရိုးလေးစဉ်းစားကြည့်ရအောင်ဗျာ၊ တံတား ဆောက်ဆောက်၊ လမ်းဖောက်ဖောက် သူ့ခံနိုင်ဝန်၊ အရှိန်ကန့်သတ်ချက် ရှိပါတယ်။ ဆယ်တန် သတ်မှတ်ထားတဲ့ တံတားကို ကုန် တန် ၂ဝ တင်ပြီးဖြတ်လို့ တံတားကျိုးရင် တန်ပိုယာဉ်အပြစ်ပါပဲ။ အမြန်လမ်းမကြီးကို ဆောက်လုပ်ရေးလုပ်ငန်းက ကီလိုတစ်ရာနှုန်း မောင်းလို့ရအောင် ဒီဇိုင်းထုတ်ထားတယ်။ လမ်းကွေ့၊ တံတားစတာတွေကို ဒီမိုင်နှုန်းအတွက် တွက်ချက်လုပ်ထားတယ်။ ကီလိုတစ်ရာထက် ပိုမမောင်းရဖို့ အသိပေးဆိုင်းဘုတ်တွေ ထောင်ထားတယ်။ ဒီတော့ မတော်တဆမှုဖြစ်ပွားတယ်ဆိုရင် ဘယ်မိုင်နှုန်းနဲ့မောင်းနေချိန်မှာ ဖြစ်တာလဲလို့ အရင်ဆန်းစစ်တာ ပိုမကောင်းဘူးလား။ သတ်မှတ်အမြန်နှုန်းအောက်မောင်းရင်းနဲ့ ဖြစ်တယ်ဆိုရင်တော့ လမ်းဒီဇိုင်းပေါ့ဗျာ၊ ပိုမောင်းရင်းဖြစ်ရင်တော့ မောင်းသူမှာ တာဝန်မရှိပေဘူးလား။

လမ်းမကြီးမှာလည်း အချက်ပြသင်္ကေတတွေ၊ အတားအဆီးတွေ၊ မီးတွေလိုတာလည်း ရှိပါတယ်။ တချို့နေရာတွေမှာ မြေအသားမသေလို့ လမ်းသားကျွံဝင်နေတာလည်း ရှိပါတယ်။ ဒါ့ကြောင့်လည်း လမ်းတစ်လျှောက်မှာ ပြင်ဆင်နေတာတွေလည်း တွေ့မှာပါ။ သို့သော် ဖြစ်သမျှအပြစ်အားလုံး လမ်းအပေါ် ပုံချဖို့ မသင့်သလို ကမ္ဘာပေါ်မှာ ဘယ်သူမှမသုံးတဲ့စနစ်လို့ သဘောပေါက်စေတဲ့ အရေးအသားမျိုးတော့ ရှောင်သင့်တယ်ထင်တာပဲ”ဟု ၂ဝ၁၃ ခုနှစ် မေ ၂၇ ရက်တွင် ၎င်း၏Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။



အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ ၂ဝဝ၉ မတ်လမှ ၂ဝ၁၃ ဧပြီလအထိ ယာဉ်မတော်တဆမှုပေါင်း ၄၃၂ မှု ဖြစ်ပွားကာ လူပေါင်း ၂၁၆ ဦး သေဆုံးလျက် ၆၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ မှ ဧပြီ ၂၂ ရက်အထိ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆမှု ၁၁၅ မှု၊ သေဆုံးသူ ၆၂ ဦးနှင့် ဒဏ်ရာရသူ ၂၈၆ ဦး ရှိခဲ့သည်။



(သတင်းစာရှင်းလင်းပွဲ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့် မီဒီယာများအား ရှင်းလင်းပြောကြားစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/1iRiB7f

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...