Skip to main content

စစ်သား၏ အဓမ္မကျင့်ခြင်း ခံရသည့် ချင်းအမျိုးသမီးအရေး ဆန္ဒပြသူများ တရားစွဲဆိုခံရမှု ပ...



စစ်သား၏ အဓမ္မကျင့်ခြင်း ခံရသည့် ချင်းအမျိုးသမီးအရေး ဆန္ဒပြသူများ တရားစွဲဆိုခံရမှု ပျက်ပြယ်သည်အထိ တောင်းဆိုမည်



ခင်မြတ်မြတ်ဝေ



ရန်ကုန်၊ ဇူလိုင် ၈ရက်



ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲမှ အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်၍ ဆန္ဒထုတ်ဖော်သူများအနက် ခေါင်းဆောင်အမျိုးသမီး ၄ဦးကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုထားခြင်းကို ပျက်ပြယ်သည်အထိ အမျိုးသမီးအဖွဲ့အစည်းများက တောင်းဆိုသွားမည်ဟု အမျိုးသမီးများလက် မြန်မာဖောင်ဒေးရှင်းက ဒါရိုက်တာ မိုင်တီဆွီလျန်းက

မဇ္ဈိမကို ပြောသည်။



"ကျွန်မတို့ တရားစွဲတာကို ရုပ်သိမ်းသွားတဲ့အထိ ဆက်လက်တောင်းဆိုမယ်။ အထက်ကို စာတင်မယ် မရဘူးဆိုရင် ရတဲ့နည်းနဲ့တော့ တောင်းဆိုသွားမယ်။ မြန်မာနိုင်ငံလူအခွင့်အရေး

ကောင်စီကို စာတင်သွားမယ်" ဟုပြောသည်။



ဇွန်လ ၂၃ ရက်က ရေဇွာမြို့နယ်ခွဲတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးအကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် အမျိုးသမီး ဘ၀လုံခြုံရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ ခေါင်းဆောင် (၄)ဦးဖြစ်သည့် မငွန်ချင်းပါရ်၊ မဆွေးဆွေးကြည်၊ ဒေါ်ကော်ထွေး၊ ဒေါ်တင်တင်ရီတို့အား ရေဇွာရဲစခန်းမှ ပြည်နယ်အမိန့်ဟုဆိုကာ ပုဒ်မ (၁၈)ဖြင့် ဇူလိုင် ၄ရက်က တရားစွဲထားပြီး

မတူပီတရားရုံးတွင် ပထမအကြိမ်ရုံးချိန်းကို ဇူလိုင်လ ၈ရက်က ချိန်းဆိုခဲ့သည်။



ဆန္ဒပြသူများက ဇွန်လ ၁၀ရက်က ခလရ ၂၉၆တပ်မှ စစ်သားတစ်ဦး၏ အဓမ္မပြုခြင်းကို ခံခဲ့ရသည့် ချင်းအမျိုးသမီး၏ အမှုကို တရားမျှတစွာ စီရင်ရန်၊ အမျိုးသမီးဘဝ လုံခြုံရေးကို အာမခံပြီး ရှေးရှုပေးရန်၊ စစ်သားများကို စည်းကမ်းတကျ ထိန်းသိမ်းပေးရန် စသည့် အချက်သုံးချက်ကို တောင်းဆိုကာ ဆန္ဒထုတ်ဖော်ခဲ့သည်။



ယင်းဆန္ဒထုတ်ဖော်ခွင့်ကို ဇွန်လ ၁၅ ရက်တွင် ရေဇွာရဲစခန်း၌ ခွင့်ပြုမိန့်တောင်းခံသော်လည်း ခွင့်မပြုသဖြင့် မိုင် ၉၀ နီးပါးဝေးသော မတူပီမြို့သို့ သွားရောက်ကာ ဇွန်၁၉ရက်တွင် မတူပီ မြို့သို့ သွားရောက် တင်ခဲ့သော်လည်း ထပ်မံပယ်ချခံရ၍ ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံသည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အများဆုံးဖြစ်ပေါ်သည့် နိုင်ငံ ခြောက်နိုင်ငံစာရင်းတွင် အာဖဂန်၊ လစ်ဗျား၊ ဆူဒန်တို့နှင့် အတူပါဝင်နေပြီး တိုင်းရင်းသားဒေသများတွင်

တပ်မတော်မှ ကျူးလွန်ခဲ့သည့် လိင်ကိစ္စရပ်များကို ဖြေရှင်း နိုင်ရန် ဇွန်လ ၁၀ရက်မှ၁၃ရက်အထိ လန်ဒန်တွင် ပြုလုပ်ခဲ့သည့် Unsexual Violent in Conflict ညီလာခံတွင် မြန်မာအစိုးရက အဖွဲ့တာဝန်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က လတ်မှတ်ရေးထိုးခဲ့သည်။



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ အခန်း (၇) ပုဒ်မ ၄၃၄တွင် တပ်မတော်များအတဗွက် အဖွဲ့ဖြင့် ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ တရားစီရင်နိုင်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏

အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်ဟု ပါရှိသည်။



ယင်းသို့ တပ်မတော်သားများ၏ ပြစ်မှုများကို စစ်ဘက်ဆိုင်ရာ ခုံရုံးကသာ စီရင်ရသဖြင့် ပဋိပက္ခအတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ အမှုများအတွက် တပ်မတော်သားများကို အရေးယူမှု မခံရသဖြင့် နစ်နာမှု ရှိသည်ဟုလည်း အမျိုးသမီးအဖွဲ့များက ဆိုကြသည်။



ပုံစာ- ချင်းအမျိုးသမီး အဓမ္မ ကျင့်ခံရ၍ ဆန္ဒပြသည့် အမျိုးသမီးခေါင်းဆောင်များကို ပုဒ်မ ၁၈ဖြင့် တရားဆွဲခံရ၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင်လ ၈ရက်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ မြန်မာမီဒီယာစာကြည့်တိုက်တွင် အမျိုးသမီး အဖွဲ့များက ပြုလုပ်စဉ် (ဓာတ်ပုံ- ခင်မြတ်မြတ်ဝေ)







from Mizzima - News in Burmese's Facebook Wall http://ift.tt/1n3FnL7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...