Skip to main content

ယာဉ်ကျောကျပ်ကျပ်ကိုဖြတ်သန်းပြီး ရုံးတက်ရုံးဆင်း လုပ်ရသူတွေ လုပ်နိုင်စွမ်း သိသိသာသာ ကျဆင်း







ရုံးတက် ရုံးဆင်းချိန်တွေမှာ ဘတ်စ်စကားကျပ်ကျပ်တိုးစီးပြီး ပူအိုက်ချွေးနံ့ရှူနေရသူတွေ၊ ယာဉ် ကျောကျပ်လို့ ကားပေါ်မှာ ငုတ်တုတ် ထိုင် အချိန်ကုန်နေရသူတွေဟာ အလုပ်ထဲမှာပါ စွမ်းဆောင်ရည်ကျ ဆင်းနိုင်ကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်က သတိပေးရေးသားလိုက်တယ်။

ရုံးသွားရုံးပြန်ကို လမ်းပေါ်မှာ အချိန်ကုန်ရတာများလေ ဘ၀အပေါ် ကျေနပ်ပျော်ရွှင်နှုန်းလည်း ကျလေ ဖြစ်ကြောင်း စစ်တမ်းကဆိုတယ်။ ရုံး သွားရုံးပြန်လမ်းပေါ်မှာ အချိန်များ များကုန်နေရသူတွေဟာ ကျန်းမာရေး လေ့ကျင့်ခန်း၊ ၀ါသနာပါရာ လိုက် စားခွင့်ရချိန်တွေ ဆုံးရှုံးသဖြင့် အချိန် ဖိအားရင်ဆိုင်ရတာ ဘ၀ကိုငြီးငွေ့ စိတ်ပျက်မှု ပိုများကြောင်းလည်း သိ ရတယ်။


လေ့လာမှုစစ်တမ်းကို ကနေဒါ နိုင်ငံ ၀ါတာလူးတက္ကသိုလ်မှ လက် တွေ့အသုံးချ ကျန်းမာရေးသိပ္ပံပညာ ပါမောက္ခ မာဂိုဟဲဘရတ်နဲ့အဖွဲ့က ပြုလုပ်ထားတာဖြစ်တယ်။ လေ့လာမှု ရလဒ်တွေကို World Lesiure ဂျာ နယ်မှာ ထည့်သွင်းဖော်ပြထားတယ်။ စစ်တမ်းအတွက် အချက်အလက်တွေ ကို ကနေဒါ စာရင်းအင်းဌာနမှ ယူ တယ်။ ပြည်သူတွေရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းလမ်းပေါ်မှာ အချိန်ကုန်မှု စာရင်းတွေနဲ့ဘ၀ကို ကျေနပ်ရောင့်ရဲ နှုန်းများစာရင်းတွေကို တိုက်ဆိုင်လေ့ လာခဲ့ရာ လမ်းပေါ်မှာအချိန်ကုန်ရ တာများသူတွေဟာ ဘ၀ကို ကျေနပ် ရောင့်ရဲနှုန်းလည်း နည်းပါးကြကြောင်း တွေ့ရှိရခြင်းဖြစ်တယ်။ မူရင်းစာရင်း တွေဟာ တစ်ခုစီ သီးခြားစီကောက်ယူ ထားတာဖြစ်တယ်။ ပါမောက္ခ ဟဲဘ ရတ်နဲ့အဖွဲ့က အဲဒီစာရင်းနှစ်ခုကို ယှဉ်ပြီး လေ့လာခဲ့တာကနေ အထက် ပါကောက်ချက်ကို ချနိုင်ခဲ့တာဖြစ် တယ်။


ကားစီးရင်း လမ်းပေါ်မှာအချိန် ကုန်ရတာများသူတွေဟာ စိတ်ပိုင်း ဆိုင်ရာချို့ယွင်းမှုတွေ ပိုကြုံရသလို၊ သွေးတိုး၊ အ၀လွန်၊ စွမ်းအင်ကျ၊ ဖျားနာစတဲ့ ကိုယ်ပိုင်းဆိုင်ရာ ရောဂါ တွေလည်းပိုကြုံရပြန်ကြောင်း စာရင်း တွေကို နှိုင်းယှဉ်လေ့လာထားချက် အရ သိရတယ်။ အခု စစ်တမ်းကြောင့် မြို့ပြနေသူတွေ လမ်းပေါ်မှာအချိန် ကုန်ပြီး ကိုယ်စိတ်စွမ်းဆောင်ရည် ကျဆင်းမှုကို ကာကွယ်ပေးနိုင်မယ့် မူဝါဒတွေ ချမှတ်ဖြစ်လာဖွယ်ရှိကြောင်း ပါမောက္ခ ဟဲဘရတ်က ပြောတယ်။


Ref ; Daily Mail

ညွန့်လွင်(စက်မှုတက္ကသိုလ်)

Health Updates Journal No. 149

http://ift.tt/Y9OIfU





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/14p9k7n

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...