Skip to main content

ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ခံထားရသည့် SNLD တာဝန်ခံ ပြန်လည် လွတ်မြောက် ကျိုင်းတု...



ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ခံထားရသည့် SNLD တာဝန်ခံ ပြန်လည် လွတ်မြောက်



ကျိုင်းတုံ၊ မေ ၃၁



ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်နယ်တောင်ပိုင်း တပ်မတော် (SSA) နှင့် ဆက်သွယ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နမ့်လင်းမိုင်ကျေးရွာ တာဝန်ခံ စိုင်းအိုက်ကျိန်း (ခ) အိုက်ကျိမ်းကို မေလ၂၉ ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် SNLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တို့က ပြောကြားသည်။



စိုင်းအိုက်ကျိန်း (ခ) အိုက်ကျိမ်းကို ကျိုင်းတုံမြို့နယ် ရဲစခန်းမှူးက မေလ ၂၂ ရက်နေ့တွင် ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ရာ ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးကပင် အမှုပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်းကြောင့် အပြီးအပြတ် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်သိန်းက ပြောဆိုသည်။



“တရားမစွဲတင်မီ ကျေအေးလွှာ တင်ပေးလိုက်လို့ လွတ်မြောက်လာတာပါ။ ကျေအေးလွှာ တင်ပေးဖို့လည်း ညွှန်ကြားထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ SNLD ဘက်က တာဝန်ရှိတဲ့သူတွေ ညှိနှိုင်းကြတယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။



အဆိုပါ စိုင်းအိုက်ကျိန်း (ခ) အိုက်ကျိမ်း ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံညှိနှိုင်းမှုအရ ယင်းသို့ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း SNLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဥက္ကဋ္ဌ ဦးစိုင်းလုံက ပြောကြားသည်။



“စိုင်းအိုက်ကျိန်း ပြန်လွတ်လာပေမယ့် သူ့လိုပဲ ပုဒ်မ ၁၇ (၁) နဲ့ တစ်ချိန်တည်း တရားစွဲဆို ခံထားရတဲ့ ရှမ်းမြောက် SNLD က စိုင်းအေးလွင်နဲ့ စိုင်းအောင်လှိုင်တို့ နှစ်ဦးကိုတော့ ဒီနေ့ (မေ ၃၁ ရက်နေ့) အထိ လွှတ်မပေးသေးဘူး။ အမြန်ဆုံး ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။



ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ကျေးရွာ၏ SNLD တာဝန်ခံ စိုင်းအိုက်ကျိန်း (ခ) အိုက်ကျိန်းကို မေလ ၅ ရက်နေ့ ည ၈ နာရီခန့်တွင် အမှတ် (၂၄၅) ခြေလျင်တပ်ရင်းက လက်နက်ကိုင်ဆောင်ထားသည့် တပ်မတော်သား ၃၀ ခန့်က RCSS/SSA နှင့် ဆက်သွယ်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး သုံးရက်ကြာ စစ်ဆေးခဲ့ပြီးနောက် ကျိုင်းတုံမြို့နယ် ရဲစခန်းတွင် ယမန်ယူ ချုပ်နှောင်ကာ မေလ ၂၂ ရက်နေ့တွင် ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့တွင် တရားရုံး၌ ရုံးတင် စစ်ဆေးရမည် ဖြစ်သော်လည်း မေလ ၂၉ ရက်နေ့တွင် အမှုပြန်လည် ရုပ်သိမ်းကာ အပြီးသတ် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းလုံက ထပ်လောင်းရှင်းပြသည်။



“စပြီး အဖမ်းခံရတဲ့နေ့ကနေ သုံးရက်ကြာတဲ့အထိ တပ်မတော်သားတွေက ရိုက်နှက် စစ်ဆေးလို့ ဘယ်ဘက်မျက်ခုံး ကွဲသွားတယ်။ ဗိုက်ကိုလည်း သေနတ်ဒင်တွေနဲ့ အထုခံရတယ်။ SSA က ပေးထားတဲ့ သေနတ်ရှိတယ်လို့ ပြောပြီး ထုတ်ပေးဖို့ အတင်းအကျပ် ပြောတယ်။ ကျွန်တော်က ရိုးရိုးအရပ်သား ဘယ်လိုလုပ် သေနတ်ကိုင်နိုင်မှာလဲ။ အခုလို လွတ်လာပြီ ဆိုတော့ ပါတီရဲ့ အလုပ်တွေကို အရင်ထက် ပိုကြိုးစားပြီး လုပ်မယ်” ဟု ပြန်လည် လွတ်မြောက်လာသည့် စိုင်းအိုက်ကျိန်း (ခ) အိုက်ကျိမ်းက ပြောကြားသည်။



RCSS/SSA သည် နိုင်ငံတော်နှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကျိုင်းတုံမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ အခြားမြို့ကြီးများတွင်လည်း ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/RS2Q9T

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...