Skip to main content

ယခုနှစ်ရန်ကုန် မဟာသင်္ကြန် အကျနေ့တွင် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအး...



ယခုနှစ်ရန်ကုန် မဟာသင်္ကြန် အကျနေ့တွင် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်း တို့တွင်စည်ကား



၂၀၁၄ ခုနှစ် သင်္ကြန်အကျနေ့ (ဧပြီ ၁၄ရက်) တွင် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ တည်ရှိသည့် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်းတို့တွင် ရေကစားသူများဖြင့်စည်ကား ခဲ့သည်ကိုတွေ့ရသည်။



သင်္ကြန်အကျနေ့တွင် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ မဏ္ဍပ်အများစုတွင် ရေကစားသူများ များပြားသော်လည်း ယခင်နှစ်လောက် ကားလမ်းပိတ်ဆို့မှု မဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင်ယခင်နှစ်များကဲ့သို့ ယာဉ်ထိန်းရဲ အများအပြားဖြင့် လမ်းရှင်းမှုများ မပြုလုပ်ခဲ့ဘဲ ကားပေါ်မှ လူငယ်အချို့ကမူ လမ်းလယ်ဘလောက်စ်တုံးများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။



"မနှစ်ကဆိုရင် ဒီနေရာမှာ လမ်းတွေ ပိတ်ဆို့နေပြီ။ အခုက တော်တော် ရှင်းတယ်။ ဘာကြောင့်လဲတော့ မသိဘူး" ဟု စက်မှု (၁) လမ်းမပေါ်ရှိ အငှားယာဉ်မောင်း တစ်ဦးက ပြောကြားသည်။



ရန်ကုန်မြို့ ပြည်လမ်းရှိ မဏ္ဍပ်အများစုတွင်မူ ညနေပိုင်းတွင် အလွန်စည်ကားမှုများ ရှိခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် Iron Cross အဖွဲ့ ဖျော်ဖြေသည့် Air Bagan မဏ္ဍပ်တွင် သင်္ကြန်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့ပြီး ကြက်ဖ၊ ဂျောက်ဂျက်၊ ယုန်လေးစသည့် Hip Hop အဆိုတော် အများစု ဖျော်ဖြေသည့် Huawei မဏ္ဍပ်တွင်လည်း လည်ပတ်သူ ပရိသတ်များဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။ သို့သော် မဏ္ဍပ်အများစုမှာ ကမ္ဘာအေး ဘုရားလမ်းဘက်သို့ ရောက်ရှိသွားသည့်အတွက် ယခင်နှစ်များကထက် သင်္ကြန်ရေကစားသူ ပရိသတ် ပိုမိုများပြားမှု မရှိခဲ့ကြောင်း အနီးအနားတွင် ဈေးရောင်းသူများ၏ ပြောကြားချက်အရ သိရသည်။



အလားတူ မဏ္ဍပ်အများစုတည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း တစ်လျှောက်တွင်လည်း ရေပက်ခံကားများ၊ လမ်းလျှောက်ရေပက်ခံ ထွက်သူများနှင့် သင်္ကြန်အကျနေ့တွင် စည်ကားခဲ့သည်ကို တွေ့ရှိရသည်။ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဈေးရောင်းချနေသူ တစ်ဦးက "ကျွန်မကနှစ်တိုင်း ဒီကန်ပတ်လမ်းမှာပဲ ဈေးရောင်းပါတယ်။ ဒီနှစ်သင်္ကြန်လည်း မနှစ်ကလိုပဲ စည်ပါတယ်။ အရောင်းအ၀ယ်ကတော့ အကြိုနေ့က နည်းနည်းပါးတယ်။ ဒီနေ့ကတော့ ရောင်းကောင်းပါတယ်" ဟု ဆိုသည်။



ထို့ပြင်သင်္ကြန် အကျနေ့တွင် ရန်ကုန်မြို့တွင်း အနော်ရထာလမ်းမပေါ်တွင်လည်း ရေပက်ခံကားများဖြင့် စည်ကားနေသည်ကိုလည်း တွေ့ရှိရသည်။



သင်္ကြန်အကြိုနေ့က ကရ၀ိတ်ဥယျာဉ်ကမ္ဘာရှိ Grand Royal ရေကစားမဏ္ဍပ်တွင် နိုင်ငံခြားသူ အမျိုးသမီးများမှ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့် မသင့်တော်သည့် ၀တ်စားဆင်ယင်မှုများဖြင့် ကပြမှုများမှာ အင်တာနက်လူမှုကွန်ရက်များတွင်ပျံ့နှံ့ခဲ့ပြီး ပရိတ်သတ်များအကြား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။



သင်္ကြန်အကျနေ့ ညနေပိုင်းက ပြည်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ်



သင်္ကြန်အကျနေ့ ညနေပိုင်းက ပြည်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ်





from Eleven Media Group's Facebook Wall http://ift.tt/1qyOW9q

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...