ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်ကို မိုးရွာနေစဉ် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ဆိုင်တွင်းဗီရို အံဆွဲထဲရှိငွေကျပ် ၃၂ သိန်းကို လုယူထွက်ပြေးခဲ့သဖြင့် အင်းစိန်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ထားသည်။
ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် ပုလဲလမ်းရှိ ရော်ဘာပစ္စည်း စက်ရုံဝင်းရှေ့ရှိ ဆုံဆည်းရာ စားသောက်ဆိုင်အတွင်း၌ အမျိုးသားကြီးသုံးဦး၊ အမျိုးသမီးသုံးဦးနှင့် လူငယ်ငါးဦးတို့ရှိနေစဉ် လူလေးဦးသည် ဓားများကိုင်ဆောင်၍ ဆိုင်ရှင်ဦးကျော်သူမိုးကို မျက်လုံး၊ လက်၊ ပါးစပ်တို့ကို တိပ်အဝါရောင် (အဝတ်)ဖြင့် ပတ်ချည်နှောင်ကာ ဆိုင်အလုပ်သမားများအား ဆိုင်အတွင်း၌ ထိုင်စေပြီး စားပွဲအံဆွဲအတွင်းမှ ငွေကျပ် ၃၂ သိန်းနှင့်ဟန်းဆက်ငါးလုံး တန်ဖိုးစုစုပေါင်းငွေကျပ် ၃၆ သိန်း ၈ သောင်းခန့်ကို ယူဆောင်သွားခဲ့ကြသည်။
အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။
မြင့်ဦး-အင်းစိန်
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1piy9Lr
Comments
Post a Comment