လွတ်လပ်တဲ့ နယ်မြေတွေအဖြစ် ကိုယ့်သဘောနဲ့ ကိုယ် ကြေညာထားတဲ့ ဒိုညက်စ်ခ်နဲ့ လူဟဲန်စ်ခ် မြို့တွေမှာ ခွဲထွက်ရေး သူပုန်တွေက ပြီးခဲ့တဲ့ တနဂင်္နွေနေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့အပြီးမှာ သမ္မတ ပက်ထရို ပိုရို ရှဲန်ကိုက အခုလို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ညွှန်ကြားလိုက်တာပါ။
ယူကရိန်း အစိုးရနဲ့ အနောက်အုပ်စု နိုင်ငံတွေက ဒီ ရွေးကောက်ပွဲတွေဟာ တရား မဝင်ဘူး ဆိုပြီး ကန့်ကွက် ရှုတ်ချ ထားပေမယ့် ရုရှား အစိုးရကတော့ ထောက်ခံ ခဲ့ပါတယ်။
အဲဒီ နေရာ နှစ်ခုအတွက် အထူး အခွင့်အရေး ပေးထားတဲ့ ဥပဒေကို ပါလီမန်အနေနဲ့ ပြန်ရုတ်သိမ်းပေးဖို့ သမ္မတ ပိုရို ရှန်ကိုက လိုလားနေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://ift.tt/1utfD5c
သူပုန်တွေ ထိုးစစ်ဆင်လာမှာကို ကာကွယ်တဲ့ အနေနဲ့ တပ်တွေ စေလွှတ်တာလို့ ယူကရိန်း သမ္မတ ပြော |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1utfDlr
Comments
Post a Comment