ကသာခရိုင် ကသာမြို့နယ်၊ပြည် သာယာရွာ တံတား အနီးတွင် နိုဝင် ဘာ ၃ ရက် နံနက် ၈နာရီခန့်ကလမ်း လျှောက်နေသူ ဦးထွန်းရွှေ အသက် ၅၈နှစ်၊ ပြည်သာယာ ရွာနေသူသည် ကားကြိတ်မိ၍ သေဆုံး သွားကြောင်း သိရသည်။
ကသာမြို့ရဲစခန်းမှ ရဲအုပ်သိန်းနိုင် နှင့် အဖွဲ့က သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ ယာဉ်မောင်းအောင်မိုး ဆွေ(ခ)မိုးဆွေ မောင်းနှင်သည့် ၁ဝ ဘီးကားသည် ပြည်သာယာရွာ တံတားအနီးအရောက် လမ်းလျှောက် လာသူ ဦးထွန်းရွှေအား ကားယာဘက် နောက်ဘီးဖြင့် ကြိတ်မိရာ ဦးထွန်းရွှေမှာ ဦးခေါင်းကွဲ ကြေ၊ ဦးနှောက်ပွင့်ထွက်ဒဏ်ရာ၊ယာ ဘက်တံတောင်ဆစ်နှင့်ရင်ဘတ်တို့ တွင်ပွန်းပဲ့ဒဏ်ရာရရှိပြီး သေဆုံးနေ ကြောင်းတွေ့ရသဖြင့် ၁ဝ ဘီးကား မောင်းနှင်သူ အောင်မိုးဆွေအား အရေးယူဆောင်ရွက်လျက်ရှိသည်။
ခရိုင်ပြန်/ဆက်
The Mirror Daily
http://ift.tt/1n2DVIZ
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1piybmJ
Comments
Post a Comment