Skip to main content

#emg_opinions ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်မှာ Written by - မြန်မာ့အလင်းအောင...



#emg_opinions



ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်မှာ



Written by - မြန်မာ့အလင်းအောင်သန်း



ဗိုလ်ချုပ်ရောက်လာ



ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၁၈-၇-၁၉၄၇) သောကြာနေ့ညက သခင်နုအိမ်သို့ ဗိုလ်ချုပ်ရောက်သွားသည်။ ထိုစဉ်က သခင်နုအိမ်သည် လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ ပြည်သူ့ရဲဘော်ဌာနချုပ် ၀င်းအတွင်းမှာ ရှိသည်။



ဘရင်းဂန်းနှစ်ရာနှင့် ကျည်ဆန်များ ခိုးထုတ်သွားမှုတို့အတွက် ဗိုလ်ချုပ်တို့အစိုးရအဖွဲ့ကို လုပ်ကြံဖြိုခွင်းနိုင်သည်။ ယင်းကြောင့် လုံခြုံရေးချထားရန် ဘုရင်ခံက သူ့ကို ပြင်ထားဖို့ပြောထားကြောင်း သခင်နုက ဗိုလ်ချုပ်ကိုပြောသည်။ ဗိုလ်ချုပ်ကတော့ သိပ်အလေးမထားသည့်လက္ခဏာ ပြသည်။



သတိပေးချက်



သခင်နုသည် ဗြိတိသျှဘုရင်ခံ ဆာဟူးဗတ်ရန့်၏ သတိပေးချက်ကို အလေးအနက်ထားလျက် စဉ်းစားနေမိသည်။ ဘုရင်ခံပြောပုံက ဗိုလ်ချုပ်တို့ကို အချိန်မရွေး လုပ်ကြံနိုင်သည့်သဘော ပြောလာ၍ အလေးအနက်ထားလျက် စဉ်းစားနေခြင်းပင်။



နက်ဖြန်မှ



ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် ဗြိတိန်သို့ ရောက်နေသည်။ ယာယီပြည်ထဲရေးဝန်ကြီးအဖြစ် ပျော်ဘွယ်ဦးမြက တာဝန်ယူထားသည်။ ပျော်ဘွယ်ဦးမြထံ (ဗိုလ်ချုပ်မသိအောင် အရပ်ဝတ်လုံခြုံရေးတွေ စီစဉ်ချထားရန်) ဖုန်းဆက်အကြောင်းကြားဖို့ စိတ်ကူးလိုက်သေးသည်။ ဖုန်းကိုင်ထားစဉ်မှာပင် သခင်နုခေါင်းထဲမှာ ဖျတ်ခနဲ အတွေးတစ်ခု ပေါ်လာသည်။နက်ဖြန်အစည်းအဝေးမှာ ပျော်ဘွယ်ဦးမြနှင့် တွေ့ဖို့ရှိသည်။ ယင်းအစည်းအဝေးကျမှ စီစဉ်မည်။ ယခု ဘာမျှမဖြစ်နိုင်လောက်သေးဟု စိတ်လျှော့လိုက်တော့၏။



ယူကျုံးမရ



ထိုညမှာ တော်တော်နှင့် သခင်နု အိပ်မပျော်ပါ။ နေသိပ်မကောင်းသလို ဖြစ်လာ၍ (၁၉-၇-၁၉၄၇)ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ အစည်းအဝေးကိုလည်း သခင်နု မတက်နိုင်တော့ပါ။ (တက်နိုင်လျှင်လည်း ဦးစောတပည့် ဖော်ကောင်ဘညွန့်၏ လုပ်ကြံမှုကို ခံရဖွယ်ရှိသည်။ မြန်မာ့အလင်းဦးတင်က ဗိုလ်ချုပ်တို့ လုပ်ကြံခံရကြောင်း ဖုန်းလာမှ သခင်နုသိရတော့၏။ မဖြစ်တန်ရာဟု မနေ့ညက လျှော့တွက်လိုက်မိသည့်အတွက် ဗိုလ်ချုပ်တို့ လုပ်ကြံခံရလေခြင်းဟု သခင်နု ယူကျုံးမရ ဖြစ်မိသွား၏။ အကယ်၍သာ ညကတည်းက အစီအစဉ်ချပြီး ပျော်ဘွယ်ဦးမြကို တာဝန်ပေးလိုက်ပါက လျှို့ဝှက်အစောင့်အရှောက်တို့ ချထားနိုင်သည့်အတွက် လုပ်ကြံမှုက ဗိုလ်ချုပ်တို့ လွတ်မြောက်သွားပေလိမ့်မည်။



ဖဆပလ အစည်းအဝေး



ထိုစဉ်က ဖဆပလအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးသည် ဦးဗဆွေ(ထားဝယ်) ဖြစ်သည်။ ဦးဗဆွေသည် ၁၈-၇-၁၉၄၇ နေ့ နံနက်က ဗိုလ်ချုပ်အိမ်မှာလုပ်သည့် ဖဆပလ အမှုဆောင်အစည်းအဝေးတွင် ဗိုလ်ချုပ်ကို လုပ်ကြံမှုစက်ကွင်းက လွတ်မြောက်နိုင်မည့် နည်းလမ်းနှစ်သွယ် တင်ပြသည်။ ၁၉-၇-၁၉၄၇ လုပ်ကြံခံရသည့် အတွင်းဝန်ရုံးဟောင်းတွင် အစည်းအဝေးလုပ်မည့်အစား ဗိုလ်ချုပ်အိမ်မှာလုပ်ရန်၊ အကယ်၍ ဗိုလ်ချုပ်အိမ်မှာမလုပ်ဘဲ အတွင်းဝန်ရုံးမှာ လုပ်ပါကလည်း အစောင့်အရှောက် ပြည့်စုံစွာ ချထားရန်ပင်။ ယင်းကို ဗိုလ်ချုပ်က ခါးခါးသီးသီးငြင်းလျက် ဦးစောမလုပ်ရဲပါဘူးဟု ပြောသည်။



ပြည်သူ့ရဲဘော်ဌာနချုပ်မှာ



ထိုနံနက် ဖဆပလ အစည်းအဝေးပြီးနောက် ပြည်သူ့ရဲဘော်ဌာနချုပ်မှာ ပြည်သူ့ရဲဘော် ခေါင်းဆောင်တွေနှင့် ဦးဗဆွေတို့ ဆွေးနွေးကြသည်။ ဗိုလ်ချုပ်နှင့် အစိုးရအဖွဲ့ဝင်တို့ လုံခြုံရေးအတွက် အစီအမံချသည်။ ရဲဌာနချုပ်က အတွင်းဝန်ရုံးလုံခြုံရေးကို တာဝန်ယူ၍ ရဲဝိုင်ယာလက်ကားကို အစည်းအဝေးကျင်းပချိန်မှာ ခေါ်ထားရန်၊ ပြည်သူ့ရဲဘော်ဌာနချုပ်က လက်ရွေးစင် အသေခံရဲဘော်နှစ်ဦးကို ရွေးချယ်၍ ဗိုလ်ချုပ်နှင့်အတူ ထည့်ပေးရန်၊ အစည်းအဝေးကျင်းပချိန်တွင် အရပ်ဝတ်နှင့် ပြည်သူ့ရဲဘော်တို့ကို အတွင်းဝန်ရုံး ပတ်ဝန်းကျင်အတွင်းအပြင်စည်း လုံခြုံရေးရယူရန်တို့ ဖြစ်၏။



အတားအဆီးမရှိ



ထိုစဉ်က အတွင်းဝန်ရုံးဟောင်းတွင် အတားအဆီးမရှိ။ လူတိုင်း လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ ၀န်ကြီးများတွင်လည်း သက်တော်စောင့်မထား။ အပါးတော်မြဲ တစ်ဦးနှင့်သာ သွားလာကြသည်။ ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် ကိုယ်ရံတော် အစောင့်အရှောက် ရှိသော်လည်း ဘယ်တော့မျှ သွားရာကို ခေါ်လေ့မရှိ။ အပါးတော်မြဲ ဗိုလ်ထွန်းလှတစ်ဦးသာ လိုက်ပါ၏။

from Eleven Media Group's Facebook Wall http://ift.tt/1nnn9Ku

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...