Skip to main content

ဧရာဝတီမြစ်ကို နိုင်ငံတကာမြစ်ဟု သုံးနှုန်းထားမှုအပေါ် ကမ္ဘာ့ဘဏ် တောင်းပန် မန္တလေး၊ မေ...



ဧရာဝတီမြစ်ကို နိုင်ငံတကာမြစ်ဟု သုံးနှုန်းထားမှုအပေါ် ကမ္ဘာ့ဘဏ် တောင်းပန်



မန္တလေး၊ မေ ၁၆



ကမ္ဘာ့ဘဏ်က ဧရာဝတီမြစ် ဘက်စုံမြစ်ဝှမ်း စီမံခန့်ခွဲရေးအတွက် ချေးငွေပေးမည့် စီမံကိန်း သတင်းအချက်အလက် ယူဆချက် စာတမ်းတွင် ဧရာဝတီမြစ်ကို နိုင်ငံတကာမြစ်ဟု သုံးနှုန်းမိသည့်အပေါ် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်ရသည့်အတွက် တောင်းပန်ကြောင်း ကမ္ဘာ့ဘဏ်စီမံကိန်း အဖွဲ့ခေါင်းဆောင် Dr. Claudia Sadofs က ပြောကြားသည်။



သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်သည့် ဆွေးနွေးပွဲကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်ရှိ Mandalay Hill Resort Hotel တွင် ကျင်းပရာ အဆိုပါပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။



“အသုံးအနှုန်းနဲ့ ပတ်သက်လို့ စိတ်အနှောင့်ယှက် ဖြစ်ရင် တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ရေဝေရေလဲ ဒေသနဲ့ ဆက်စပ်နေလို့ ကမ္ဘာ့ဘဏ် ပေါ်လစီအတိုင်း သုံးနှုန်းလိုက်တာပါ။ ပညာရှင်တွေရဲ့ စိုးရိမ်မှုကို သိလို့ ဒီရက်ပိုင်းအတွင်းမှာပဲ ဖြုတ်ထားလိုက်ပါပြီ။ တရုတ်နာမည် နှစ်ခုကိုလည်း ဖယ်ထားပြီးပါပြီ” ဟု ၎င်းက ဘာသာပြန်မှ တစ်ဆင့် ထပ်လောင်း ပြောကြားသည်။



အဆိုပါ စီမံကိန်း စာတမ်းတွင် ဧရာဝတီမြစ်သည် တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့က မျှဝေ ယူထားသည့် အပြည်ပြည်ဆိုင်ရာ မြစ်တစ်စင်း ဖြစ်ကြောင်း ဖော်ပြထားချက်မှာ အတည်မဟုတ်ကြောင်း ကနဦး ရေးသားသည့် မူကြမ်းအဆင့် ဖြစ်သဖြင့် ပြင်ဆင်နိုင်ပြီး စီမံကိန်းနှင့် ပတ်သက်၍ အများပြည်သူ အကြံပေးချက်များ လက်ခံသွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောကြားသည်။



ဧရာဝတီမြစ် ပေါင်းဆုံရာ မေခမြစ်၏ ရေဝေရေလဲ ဒေသမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ရေများ စီးဝင်နေရာ ပထဝီ အနေအထားအရ ဆက်စပ်မှု ရှိနေသော်လည်း အဆိုပါ ရေပမာဏမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိသဖြင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ မြစ်သာ ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။



ကမ္ဘာ့ဘဏ်မှ ဧရာဝတီမြစ်နှင့် ပတ်သက်၍ ရေးသားချက်ကို မန္တလေးမြို့တော်ရှိ စိမ်းရောင်စို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့က အဆိုပါ အသုံးအနှုန်းနှင့် ပတ်သက်၍ ရှင်းလင်း ဖော်ပြရန်နှင့် အဆိုပါ ရေးသားမှုကို ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကို မေလ ၁၅ နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။



“ဒီစီမံကိန်းက အများပြည်သူ အကျိုးကို ဘယ်လောက်ထိ ဆောင်ရွက်မှာလဲ ဆိုတာ အဓိကကျပါတယ်” ဟု အဆိုပါအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။



ဧရာဝတီ ဘက်စုံမြစ်ဝှမ်း စီမံခန့်ခွဲရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ထုတ်ချေးပေးမည် ဖြစ်ရာ မေလတွင် အကြို အကဲဖြတ်ခြင်းအဆင့် ဆောင်ရွက်နေပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်အကြမ်း ဆွေးနွေးပွဲကို ဇူလိုင်လတွင် ပြုလုပ်ပြီး အောက်တိုဘာလတွင် အစိုးရနှင့် ကမ္ဘာ့ဘဏ် ဆွေးနွေး ညှိနှိုင်းခြင်းကို ကျင်းပမည် ဖြစ်ကာ ဒီဇင်ဘာလတွင် ချေးငွေထုတ်ချေးရန် အတည်ပြုမည် ဖြစ်သည်။







from The Voice Weekly's Facebook Wall http://ift.tt/1sCRT89

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...