Skip to main content

ယင်းမာပင် မြို့နယ်တွင် လေပြင်းကြောင့် အိမ် ၁၀၀ ကျော်ခန့် အမိုးလန်ပြီး ဓာတ်တိုင်...



ယင်းမာပင် မြို့နယ်တွင် လေပြင်းကြောင့် အိမ် ၁၀၀ ကျော်ခန့် အမိုးလန်ပြီး ဓာတ်တိုင် ၅၀ ခန့် လဲပြို



မုံရွာ၊ မေ ၁၆



စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် မေလ ၁၅ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် ၁၅ မိနစ်ခန့် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော်ခန့် အမိုးလန်ခဲ့ပြီး ဓာတ်မီးတိုင် ၅၀ နီးပါးခန့် လဲပြိုခဲ့ကြောင်း လေပြင်းဒဏ် ခံခဲ့ရသည့် ဒေသခံများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူများထံမှ သိရသည်။



“လေကဖြတ်ပြီး တိုက်တာလည်း မဟုတ်ဘူး။ လေဆင်နှာမောင်း သဘောမျိုးပဲ။ အထက်ကို ဆွဲတင်သလို ခဏပဲ တိုက်သွားတာ။ ဒါကြောင့် အိမ်တွေ အမိုးလန်တာ များတာ။ တချို့ လေကြောင်းကျတဲ့ အိမ်တွေဆို ပြိုတာတို့၊ ဘာတို့ ရှိတာပေါ့။ လေကြောင်း မသင့်တဲ့ အိမ်ကျတော့လည်း ဘာမှကို မဖြစ်ဘူး” ဟု လေပြင်းဒဏ် ခံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။



လေကြောင်း အပြင်းဆုံးဒဏ် ခံရသည့် ကျေးရွာမှာ ယင်းမာပင်မြို့နယ် လယ်ငေါက်ကျေးရွာ ဖြစ်ပြီး အိမ်ခြေ ၇၄ လုံး အမိုးလန်သွားပြီး ဓာတ်တိုင်များ လဲပြိုမှု အများဆုံး ဖြစ်ခဲ့ကာ၊ မူလတန်းလွန်ကျောင်း အုတ်တံတိုင်းများလည်း ပြိုကျခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။



ယင်းမာပင်မြို့နယ် လယ်ငေါက်ကျေးရွာ ပြီးလျှင် ဒုတိယအများဆုံး လူနေအိမ် အမိုးများ လန်ခဲ့သည့်ရွာမှာ ရင်ပေါင်တိုင် ကျေးရွာဖြစ်ပြီး လူနေအိမ်၂၅ လုံးခန့် အမိုးလန်ခဲ့ကာ သမင်တက် ကျေးရွာတွင် အိမ် ၁၅ လုံး အမိုးလန်ခဲ့သည်။



ရင်ပေါင်တိုင် ကျေးရွာနှင့် သမင်တက် ကျေးရွာတွင် အိမ်ပြိုမှုများ ရှိခဲ့ပြီး၊ သရက်ကျေးရွာရှိ ကြက်မွေးမြူရေးဇုန်တွင် ကြက်ခြံများ အမိုးလန်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ ပျက်စီးဆုံးရှုံးမှု စာရင်းများအရ သိရသည်။



လေပြင်းကြောင့် ပုလဲ-ဂန့်ဂေါ လမ်းပိုင်းရှိ သက်တမ်းရင့် သစ်ပင်ကြီးများ ပြိုလဲခဲ့သော်လည်း လေတိုက်ခတ်ပြီးချိန်တွင် ချက်ချင်း ရှင်းလင်းခဲ့သည့် အတွက် လမ်းမှာ ခေတ္တခဏသာ ပိတ်ခဲ့ပြီး၊ လက်ရှိ အချိန်တွင် အမိုးလန်သော လူနေအိမ်များအား ကူညီရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး၊ ပျက်စီးဆုံးရှုံးမှု များသော အိမ်များအား မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ပေးနေကြောင်း ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူးက ဆိုသည်။

from The Voice Weekly's Facebook Wall http://ift.tt/1kaolO8

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...