Skip to main content

အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များ မဘသနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည...



အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များ မဘသနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည်



ရန်ကုန်၊ မေ ၁၆



ပြည်ထောင်စုလွှတ်တော်တွင် ရေးဆွဲနေသော အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အထောက်အကူပြု ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီဝင် ဦးသွင်စစ်မာန်အောင်က ပြောကြားသည်။



အဆိုပါ တွေ့ဆုံပွဲကို အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိစာသင်တိုက်တွင် မေလ ၁၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ဥပဒေ ရေးဆွဲခြင်းကို ကန့်ကွက်ကြသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီများကိုပါ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဓိကကတော့ ဒီဥပဒေကို ဘာကြောင့် ရေးဆွဲချင်တာလဲ ဆိုတဲ့ အပေါ်မှာ သူတို့ နားလည်မှု လွဲတာ၊ သူတို့ မေးတာကို ပြန်လည် ရှင်းလင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။



ယင်းသို့ နှစ်ဖက်တွေ့ဆုံရန် ကြိုးပမ်းခြင်းကို ကြိုဆိုပြီး တစ်ဖက်နှင့်တစ်ဖက် လွတ်လပ်စွာ ဆွေးနွေးခြင်းကို လမ်းဖွင့်ပေးသင့်ကြောင်း Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောကြားသည်။

“နှစ်ဖက် တွေ့ဆုံခြင်း မရှိဘဲ လက်ညှိုးထိုး ပြောနေကြတာထက် ရှင်းလင်း ပြောဆိုတာ ပိုကောင်းပါတယ်” ဟု ၎င်းကဆိုသည်။



ထို့အပြင် အဆိုပါ ဆွေးနွေးပွဲသည် ဘာသာရေးနှင့် သက်ဆိုင်သောကြောင့် ရှင်းလင်းချက်များနှင့် မေးမြန်းချက်များကို ဂရုစိုက် ပြောဆိုသင့်ကြောင့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“အကြမ်းမဖက်တဲ့ ဗုဒ္ဓဝါဒကို ကိုင်စွဲပြီး ပြောဆို ဆွေးနွေးမယ် ဆိုရင် အဆင်ပြေမှာပါ” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။



အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၊ အခြားဘာသာဝင်များ အကြား တိုက်ရိုက် ခွဲခြားဆက်ဆံသည့် အသွင်ဆောင်ခြင်းကြောင့် အမျိုးသမီးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ကန့်ကွက်ကြောင်းကို မေလ ပထမပတ်အတွင်း ထုတ်ပြန် ကြေညာထားသည်။



ယင်းနောက် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းနေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေနှင့် အခြားသော လူမျိုးများနှင့် ဘာသာများအပေါ် နှောင့်ယှက်ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။



၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

from The Voice Weekly's Facebook Wall http://ift.tt/1sCPWsa

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...