Skip to main content

မန်ချက်စတာဒါဘီတွင် မိုယက်စ်ကို ယူနိုက်တက်ပရိသတ်တစ်ဦး ထိပ်တိုက်ရင်ဆိုင်ရန်ကြိုးစား







မန်ချက်စတာဒါဘီတွင် မိုယက်စ်ကို ယူနိုက်တက်ပရိသတ်တစ်ဦး ထိပ်တိုက်ရင်ဆိုင်ရန်ကြိုးစား




မန်ချက်စတာစီးတီးကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း လာရောက်အားပေးသည့် မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦးက အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်ကို ထိပ်တိုက်ရင်ဆိုင် ရန်ပြုရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယူနိုက်တက်သည် မိုယက်စ်၏ ပွဲဦးထွက် ဘောလုံးရာသီတွင် ဆုတ်ယုတ်ကျဆင်းမှု နွံထဲမှ ရုန်းမထွက်နိုင်သေးဘဲ အီဒင်ဂျက်ကို၏ (၂)ဂိုး၊ ယာယာတိုရေး၏ (၁)ဂိုးဖြင့် အိမ်ကွင်း၌ ခါးသီးမြို့ခံပြိုင်ဘက်တို့ကို ဒူးထောက်ခဲ့ရသည်။ ဂျက်ကို၏ ပထမဂိုးသည် ပွဲအစ စက္ကန့်အနည်းငယ် အတွင်းမှာပင် ရရှိသွားခြင်း ဖြစ်သည်။ မိုယက်စ်ကို ဒေါသထွက် ပေါက်ကွဲနေသော ပရိသတ်များအနက်မှ တစ်ဦးသည် အခြေအနေ အတော်ပြင်းထန်စွာ ရှိနေခြင်းကြောင့် ၎င်းကို ကွင်းလုံခြုံရေးများက ဝိုင်းဝန်းထိန်းသိမ်းကာ ခေါ်ထုတ်သွားရသည်။


အဆိုပါ ပရိသတ်သည် တောင်ပိုင်း ပွဲကြည့်စင်ရှိ ထိုင်ခုံမှ ထလာပြီး မိုယက်စ်ကို အော်ဟစ်ကြိမ်းမောင်းနေသလို ၎င်းကို လုံခြုံရေးများ ဆွဲထုတ်သွားချိန်အထိ ဆက်လက် အော်ဟစ်နေခဲ့သည်ကို တွေ့ရသည်။ စတန်းဖို့ဒ် ပွဲကြည့်စင်တွင် ရှိနေသည့် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်သည်လည်း ၎င်းနေရာအတွက် ဆက်ခံရန် ကိုယ်တိုင်ရွေးချယ်ပေးခဲ့သည့် မိုယက်စ်၏ မလှမပ ရလဒ်ဆိုးကို စိတ်မသက်မသာ ကြည့်ရှုနေသည်ကို တွေ့ရသည်။ ပွဲအပြီးတွင် ပွဲကြည့်စင်၌ ချိတ်ဆွဲထားသည့် မိုယက်စ်၏ပုံနှင့် The Chosen Oneဟု ရေးသားထားသော နဖူးစည်းစာတန်းကြီးကို ပရိသတ်များ ဒေါသထွက်ပြီး ဆုတ်ဖြဲခြင်း မပြုနိုင်အောင် ကွင်းလုံခြုံရေးများက စောင့်ကြည့်ခဲ့ရသည်။


မိုယက်စ်၏ အသင်းသည် အိုလံပီယာကော့စ်နှင့် ဝက်စ်ဟမ်းယူနိုက်တက်တို့ကို ဆက်တိုက် အနိုင်ရပြီးနောက် စိတ်ဓာတ်ပိုင်း ပြန်လည်နိုးကြားလာပြီဟု မျှော်လင့်ခဲ့ရသော်လည်း မန်စီးတီးနှင့် အတွေ့တွင်မူ ခြေစွမ်းအရရော၊ ခံယူချက်ပိုင်းပါ အောက်စည်းရောက်နေပြီး တစ်ဂိုးမျှ ပြန်မသွင်းနိုင်ဘဲ ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးမှာမူ နောက်ဆုံးတွေ့ဆုံသည့် မန်ချက်စတာဒါဘီ ပွဲစဉ်(၅)ကြိမ်တွင် (၄)ကြိမ် အနိုင်ရသည့် မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်သွားခဲ့သည်။


Soccer Myanmar



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။








from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1goH4V6

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3