Skip to main content

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ယနေ့ဆန္ဒပြမည် ရန်ကုန်၊ မတ် ၂၅ ရခိုင်ပြည်နယ် စစ်တွေ၊...



ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ယနေ့ဆန္ဒပြမည်



ရန်ကုန်၊ မတ် ၂၅



ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dahaka Tribune သတင်းဌာနက ရေးသားဖော်ပြချက်ကို ကန့်ကွက်သည့် အနေနှင့် ရခိုင်တိုင်းရင်းသားများ အပါအဝင် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများက ယနေ့ (မတ်လ ၂၆ ရက်နေ့) တွင် မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးအရှေ့၌ ဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ဦးဖိုးသားက ပြောကြားသည်။



Dahaka Tribune သတင်းဌာနက ရေးသားဖော်ပြချက်ကို ကန့်ကွက်ခြင်းနှင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံခြင်း မပြုရန်တို့အတွက် ဆန္ဒပြခြင်းဖြစ်ပြီး လူဦးရေ အနည်းဆုံး နှစ်ထောင်ခန့် ပါဝင်နိုင်ကြောင်း ၎င်းကဆိုသည်။

“အခုဆန္ဒပြတာက ရခိုင်တစ်ခုတည်း မဟုတ်ဘူး။ တိုင်းရင်းသား ညီအစ်ကိုအားလုံး ပါဝင်မယ်” ဟု ဦးဖိုးသားက ပြောဆိုသည်။



Dahaka Tribune သတင်းဌာနက မတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့သည့် ‘ရခိုင်ပြည်နယ်တွင် လူထုဆန္ဒခံယူမှု လုပ်ရန်လိုပြီလား’ အမည်ရ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ရာ ရောက်စေသဖြင့် မြန်မာအစိုးရကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။



အဆိုဆောင်းပါး ဖော်ပြမှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Maj. Gen Anup Kumar Chakma ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်သို့ ခေါ်ယူ၍ သတိထောက်လွှာပေးခဲ့ပြီး ဒါကာမြို့ရှိ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို သတိထောက်လွှာ ပေးခဲ့ကြောင်း မတ်လ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။



ဘင်္ဂါလီ (မူရင်းအသုံး -ရိုဟင်ဂျာ) များသည် နှိပ်စက်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ နိုင်ငံသားဖြစ်ခွင့်၊ မဲပေးခွင့် ငြင်းပယ်ခံရမှု၊ ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိမှု စသည့်ပြဿနာများမှာ ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ယူကရိန်း ကရိုင်းမီးယားဒေသကဲ့သို့ စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒခံယူကာ ရခိုင်ပြည်နယ်က ခွဲထုတ်၍ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် စစ်တကောင်းဒေသနှင့် ပူးပေါင်းရန် ဖြစ်ကြောင်း Dahaka Tribune သတင်းဌာနက ဖော်ပြခဲ့သည်။



‘ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန်လိုပြီလား’ အမည်ရ အဆိုပါဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး Dahaka Tribune က မတ်လ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။



ဘင်္ဂလားဒေ့ရှ် သံရုံးသည် ရန်ကုန်မြို့တော် သံလွင်လမ်း အမှတ် ၁၁ (ဘီ) တွင် တည်ရှိသည်။

from The Voice Weekly's Facebook Wall http://ift.tt/1ry4xr2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...