Skip to main content

"နိုင်ငံခြားဘာသာ စကားဖြင့် သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ် စိုက်ထူက ဒဏ်ငွေ ဆယ်သိန်း ဆောင်ရ...



"နိုင်ငံခြားဘာသာ စကားဖြင့် သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ် စိုက်ထူက ဒဏ်ငွေ ဆယ်သိန်း ဆောင်ရမည်"



သင်္ကြန်မဏ္ဍပ်များတွင် နိုင်ငံခြား ဘာသာ စကားများဖြင့် ဆိုင်းဘုတ်စိုက်ထူ လျှင် ဒဏ်ကြေးငွေကျပ် ၁ဝ သိန်းကောက် ခံသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အ စိုးရအဖွဲ့က စည်းကမ်းချက်သတ်မှတ်ထား သည်။



မဏ္ဍပ်များအား မြန်မာအမည်ဖြင့် လျှောက်ထားသူ တို့ကိုသာ ခွင့်ပြုပေးသွား မည်ဖြစ်ပြီး မဏ္ဍပ်တွင် လျှောက်ထားသည့် အမည်အစား အမည်ပြောင်း လဲစိုက်ထူ ပါက ဒဏ်ကြေးကျပ် ၁ဝ သိန်း ကောက်ခံ မည်ဖြစ်ပြီး ယင်း ဒဏ်ကြေးကို အာမခံ ကြေး တင်သွင်းငွေမှ ဖြတ်တောက်ထားမည် ဟု သိရသည်။



ယမန်နှစ် ၂ဝ၁၃ ခုနှစ် သင်္ကြန် မဏ္ဍပ်များထံမှ ဒဏ်ကြေးငွေ ကျပ်သိန်း ၈ဝဝ ကျော်ကို ရန်ကုန်စည်ပင်နှင့် တိုင်း ဒေသကြီး အစိုးရတို့က ရရှိခဲ့သည်။



အာမခံငွေကို ရန်ကုန်စည်ပင် လမ်း တံတားဌာနက မဏ္ဍပ်အကြီးများ အတွက် ကျပ် ၇၅ သိန်းနှင့် မဏ္ဍပ် အလတ်များအ တွက် ကျပ် ၄၅ သိန်း ကောက်ခံ ထားမည် ဖြစ်သည်။



ယခုနှစ်တွင် ရန်ကုန်မြို့၌ သင်္ကြန် မဏ္ဍပ်အကြီး ၅၇ ခု နှင့် အလတ် ၃၆ ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ခွင့်ပြုပေးထားပြီး မဏ္ဍပ်ကြီးများကို လူ စည်ကားရာပြည်လမ်း၊ ကန်တော်ကြီးပတ် လမ်း၊ ဆရာစံလမ်းနှင့် ကမ္ဘာအေးစေတီ လမ်းတို့တွင်လည်း ချထားပေးမည်ဖြစ်သည်။



မဏ္ဍပ်များကြောင့် သစ်ပင်များပျက် စီးပါက မူလတန်ဖိုး၏ သုံးဆ၊ သင်္ကြန် ပြီး ကာလ မဏ္ဍပ်မဖျက်သိမ်းပါက တစ်ရက် ဒဏ်ကြေး ကျပ်နှစ်သောင်း၊ သတ်မှတ်ရေ ပိုက်ထက် ကျော်လွန်သုံးစွဲပါက ကျသင့် ရေဖိုး၏ သုံးဆ ဒဏ်ကြေးများကိုလည်း အာမခံပေးသွင်းငွေမှ ရယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သ တင်းထုတ်ပြန်ထားသည်။



ယခင်နှစ်က သင်္ကြန်မဏ္ဍပ် ၄၁ ခု ခွင့်ပြုခဲ့ရာမှ ၃၄ ခုမှာ ဒဏ်ကြေးငွေ ပေး ဆောင်ခဲ့ရကြောင်း ရန်ကုန်စည်ပင်သတင်း ထုတ်ပြန်ချက်အရ သိရသည်။



ဒဏ်ကြေးငွေ ကောက်ခံမှုတွင် CCTV ကင်မရာ တပ်ဆင်မှု မရှိခြင်း၊ မဏ္ဍပ် အမည် ကိုက်ညီမှု မရှိခြင်း၊ မဏ္ဍပ် များ၌လင့်စင် ထိုးခြင်း၊ ရန်ကုန် စည်ပင်သန့် ရှင်းရေး ဌာနနှင့် ပန်းဥယျာဉ် ဌာနပိုင်ပစ္စည်း များ ပျက်စီးခြင်းကြောင့် သက်ဆိုင်ရာမှ ၄င်းတို့ပိုင် ပစ္စည်း ပျက်စီးမှုအတွက် ပြန် လည်ပြုပြင်ထိန်းသိမ်းရန် ဒဏ်ကြေးငွေ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။



ဝေမာထွန်း

from Popular Myanmar News Journal's Facebook Wall http://ift.tt/1p3UqrQ

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3