Skip to main content

ထိုင်းရောက် ဗီဇာသက်တမ်းကုန် မြန်မာသိန်းချီကို ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်





ရန်ကုန်၊ မတ် ၂၅

ထိုင်းနိုင်ငံရောက် ဗီဇာသက်တမ်းကုန် မြန်မာလုပ်သား တစ်သိန်းဝန်းကျင်ကို ဗီဇာသက်တမ်းတိုးခွင့် ပြုထားသဖြင့် ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်ဟု ထိုင်းအစိုးရက မတ်လ ၂၅ ရက်နေ့တွင် တရားဝင် ကြေညာလိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။


ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများ အပါအဝင် လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ လုပ်သားများကိုပါ အဖမ်းအဆီး ရပ်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဗီဇာသက်တမ်း တိုးဖို့အတွက် လုပ်တာ။ နောက်အစိုးရ တက်လာပြီး ပြင်ဆင်တာ မလုပ်သရွေ့ အတည်ဖြစ်တယ်” ဟု ဦးစိန်ဌေးက ပြောဆိုသည်။


ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများကို ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားရန် မြန်မာနိုင်ငံ အလုပ်အမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးကို မေတ္တာရပ်ခံထားပြီး မြန်မာ သံအမတ်ကလည်း ထိုင်း အလုပ်သမား ဝန်ကြီးဌာနကို မေတ္တာ ရပ်ခံထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောကြားသည်။

“အဖမ်းအဆီး ရပ်ထားတယ်လို့ တရားဝင် အကြောင်းမကြားသေးဘူး” ဟု ၎င်းကဆိုသည်။


ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်သိန်းဝန်းကျင် ဗီဇာသက်တမ်း ကုန်ဆုံးသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။


ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများကို မတ်လ ၇ ရက်နေ့မှမှ စတင်ကာ ဗီဇာ သက်တမ်းတိုးခွင့်ပြု နေပြီဖြစ်ရာ ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်နှင့် အထက်ရှိပါက ဗီဇာ သက်တိုးရုံသာ တိုးရမည် ဖြစ်ပြီး ယာယီနိုင်ငံကူး လက်မှတ် ၂ နှစ်အောက်သာ သက်တမ်းရှိပါ ယာယီအစား ပုံမှန်နိုင်ငံ ကူးလက်မှတ် (စာအုပ်အနီ) ကို မဖြစ်မနေ ပြောင်းလဲ ကိုင်ဆောင်ရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။


ပုံမှန် နိုင်ငံကူးလက်မှတ် လုပ်မည်ဆိုပါက နိုင်ငံသား စိစစ်ရေးကတ်နှင့် သန်းခေါင်စာရင်း အပါအဝင် အထောက်အထား ၁၀ ခုကိုတင်ပြရမည် ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်နှင့် သန်းခေါင်စာရင်း မရှိပါက မြန်မာနိုင်ငံသို့ ပြန်လာ၍ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဗီဇာနှင့် ပုံမှန် နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများကို မဲဆိုင်၊ မဲဆောက်၊ ရနှောင်း နယ်စပ်မြို့ သုံးခုတွင် ဖွင့်လှစ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။


ပုံမှန် နိုင်ငံကူးလက်မှတ် ပြုလုပ်လျှင် ထိုင်းဘတ် ၁၆၀၀ ကုန်ကျမည် ဖြစ်သည်။


ယာယီ နိုင်ငံကူးလက်မှတ်အစား နိုင်ငံကူးလက်မှတ် (စာအုပ်နီ) ပြောင်းလဲ လုပ်ဆောင်ရာတွင် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ယူစဉ်က ပြုလုပ်ခဲ့သည့် အတိုင်း အထောက်အထားများကို တင်ပြရမည် ဖြစ်သဖြင့် အချိန်၊ ငွေကြေးများစွာ ကုန်ကျနိုင်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း၊ လုပ်သား အများစုတွင် နိုင်ငံသား စိစစ်ရေးကတ်နှင့် သန်းခေါင်စာရင်း မရှိသဖြင့် အခက်အခဲ ကြုံတွေ့နေရပြီး ဗီဇာသက်တမ်း တိုးရာတွင် အလုပ်သမား ကိုယ်တိုင်လျှောက် အဆင်မပြေသဖြင့် ပွဲစားများကို အသုံးပြုနေရကြောင်း ဦးစိန်ဌေးက ပြောကြားသည်။

“ဗီဇာသက်တမ်း တိုးဖို့အတွက် ပွဲစားတွေက ဘတ် ၁၂,၀၀၀၊ ၁၈,၀၀၀ လောက်အော်နေ၊ ခေါ်နေကြတယ်။ တချို့လည်း ၂၀,၀၀၀ လောက် ခေါ်တယ်” ဟု ၎င်းကဆိုသည်။


ဗီဇာသက်တမ်းကုန် လုပ်သားများကို နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း မလုပ်ဘဲ ယာယီနိုင်ငံကူး လက်မှတ်ကိုသာ သက်တမ်းတိုးပေးရန်၊ ဗီဇာ သက်တမ်းတိုးရန် ရုံးများကို နယ်စပ်တွင် သာမက ထိုင်းနိုင်ငံ အတွင်းတွင် ဖွင့်ပေးရန်၊ ဗီဇာသက်တမ်း တိုးရာတွင် ပွဲစားနှင့် မဟုတ်ဘဲ အလုပ်ရှင်၊ လုပ်သားကိုယ်တိုင် ပြုလုပ်နိုင်သည့် စနစ်ဖြင့် လုပ်ရန်နှင့် ကြာမြင့်ချိန်များကို တိတိကျကျ သတင်းထုတ်ပြန်ရန် MWRN က တောင်းဆိုထားသည်။


The Voice Weekly







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1gAovOR

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3