ရန်ကုန်၊ ဒီဇင်ဘာ ၁၃
၁၂.၁၂.၂၀၁၄ ရက်နေ့ ၁၈၃၀အချိန်တွင် သန်လျင်မြို့နယ်၊ သီလ၀ါလမ်းအတိုင်း သန်လျင်ဘက်မှ သီလ၀ါဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း ကိုကျော်အေးမောင် (၃၈)နှစ်မောင်းနှင်လာသော 7D---- နစ်ဆန်းအမျိုးအစား ဆီဘောက်ဆာယာဉ်နှင့် အမှတ်(၇)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲဘက်မှ ရေကြောင်း တက္ကသိုလ် ဘက်သို့ သုံးခွမြို့နယ်နေ ကိုသန်းမောင်၊ (၄၀)နှစ်စီးနင်း မောင်းနှင်လာသော ၃၁ယ/---- Feeling-110 အမျိုးအစားဆိုင်ကယ်တို့သည် ထွဋ်ခေါင် လမ်းဆုံ အရောက်၌ ပွတ်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးခဲ့သည့်အပြင် ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသော ကျောက်တန်းမြို့နယ်နေ ကိုလင်းခိုင်မှာ ယာနားထင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် သန်လျင်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုသန်းမောင်တွင် ရင်ဘတ်အောင့်၊ ၀ဲပခုံးပွန်း
ဒဏ်ရာရရှိကာ သန်လျင်ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ကုသ ခဲ့ရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ကိုကျော်အေးမောင်နှင့် ကိုသန်းမောင်တို့အား သန်လျင်မြို့မရဲစခန်းယာဉ် (ပ)၁၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
http://ift.tt/1oASl5N
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12HcOkm
Comments
Post a Comment